28 C
Yangon

ရေတာရှည်၊ ကျွန်းတောကုန်းကျေးရွာမှ အသက် ၃၀ အရွယ် မုဆိုးဖို ဖခင်ကို စစ်တပ်က တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် နေအိမ်တွင် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးတည်း မိဘမဲ့အဖြစ် ကျန်ရစ်

Must read

ရန်ကုန်၊ ဧပြီ ၂၃

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျွန်းတောကုန်းကျေးရွာမှ အသက် ၃၀ နှစ်အရွယ် မုဆိုးဖို ဖခင်ကို စစ်တပ်က တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် သွားသဖြင့် နေအိမ်တွင် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးတည်း မိဘမဲ့အဖြစ် ကျန်ရစ်ခဲ့ကြောင်း ကျေးရွာသားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၂၁ ရက်နေ့ ရေတာရှည်မြို့နယ်၊ ကျွန်းတောကုန်းကျေးရွာတွင် နေထိုင်သူ မုဆိုးဖို အသက် ၃၀ အရွယ် ကိုဌေးဌေးအောင်သည် အိမ်ပြင်ဆောက်နေသဖြင့် အိမ်ဆောက်ပစ္စည်းဝယ်ယူရန် မြို့ပေါ်သို့သွားစဉ် စစ်တပ်က တပ်သားသစ်အဖြစ် စုဆောင်းပြီး ဖမ်းဆီးသွားခဲ့ကြောင်း၊ တပ်သားသစ်အဖြစ် စုဆောင်းခံရသော ကိုဌေးဌေးအောင်တွင် အသက် ၅ နှစ်အရွယ် ကလေးငယ်ကျန်ရစ်ခဲ့ပြီး မိခင်ဖြစ်သူမှာ ယမန်နှစ် ကျောက်ကပ်ရောဂါဖြင့် ဆုံးပါးသွားခဲ့သဖြင့် ကလေးငယ်မှာ မိဘမဲ့အဖြစ် နေအိမ်တွင် တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

“ကိုဌေးဌေးအောင်ရဲ့ မိန်းမ မနှစ်က ကျောက်ကပ်ရောဂါနဲ့ ဆုံးတယ်။ သူ့မှာ အသက် ၅ နှစ်အရွယ် သားလေးရှိတယ်။ အဲဒါ ကိုဌေးဌေးအောင်က မြို့ပေါ်မှာ အိမ်ဆောက်ပစ္စည်းသွားဝယ်နေတုန်း စစ်တပ်က တပ်သားသစ်စုဆောင်းဖို့ဆိုပြီး ဖမ်းသွားတယ်။ သူက အိမ်ပြင်ဆောက်နေတုန်း အဖမ်းခံလိုက်ရတာ။ အဲဒါ စစ်တပ်က ဖမ်း​ပြီးတော့ ရေတာရှည်ရဲစခန်းကနေ နှစ်ဆောင်မြိုင် အမှတ် ၅ တပ်ထဲကို ပို့လိုက်တယ်။ လူတွေ့သွားတာလည်းမရဘူး။ ကလေးက ပြင်ဆောက်နေတဲ့ အိမ်မှာ တစ်ဦးတည်းကျန်ရစ်ခဲ့တယ်” ဟု ကျေးရွာသားတစ်ဦးက ရှင်းပြသည်။

လတ်တလောပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် အပါအဝင်မြို့နယ်များတွင် စစ်မှုထမ်း အပတ်စဉ် ၂ အတွက် တပ်သားသစ် စုဆောင်းမရသဖြင့် စစ်တပ်နှင့်ရဲများက လမ်းပေါ်မှ လူငယ်လူကြီးများကို ဖမ်းဆီး၍ တပ်သားသစ်အဖြစ် စုဆောင်းနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ – စစ်တပ်က တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော မုဆိုးဖို ကိုဌေးဌေးအောင်၊ နေအိမ်တွင် မိဘမဲ့အဖြစ် ကျန်ရစ်ခဲ့သော အသက် ၅ နှစ်အရွယ် ကလေးနှင့် ပြင်ဆင်ဆောက်လုပ်နေသော တဲအိမ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article