38 C
Yangon

ရွှေဘိုမြို့နယ်တွင် စစ်တပ်က တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၂၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်တပ်က တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Drop For Justice – DFJ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဘိုမြို့ အထွက် မင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှ ထွက်လာသော အင်အား ၅၀ ခန့်ပါ စစ်ကြောင်းသည် ချီပါမြောက်ရွာ တံတား အနီး နေရာယူ ဖြန့်ကျက်ထားစဉ် ရွှေဘိုခရိုင် (ပကဖ) ဒရုန်းတပ်ဖွဲ့ ဦးဆောင်ပြီး SHAR HTOO WAW နည်းပညာတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီး ၅ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၂ဝ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားသော ရွှေဘိုမြို့တောင်ဘက် အထွက် မုဒ်‌ပေါက်ကိုလည်း ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများသည် ချီပါကျေးရွာ၌ အထိုင်ချ တပ်စွဲထားစဉ် ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ် ခန့်တွင် ချီပါကျေးရွာ၌ အထိုင်ချ တပ်စွဲထားနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို SharHtooWaw နည်းပညာတပ်ဖွဲ့ Team 6 နှင့်အတူ မတစ်ထောင်(တစ်ကောင်ဘွား) ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေဘိုခရိုင်(ပကဖ)ဒရုန်းတပ်ဖွဲ့၊ YaungNi ShweBo ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ YE-U Freedom Comrades (YFC) အဖွဲ့၊ ဝံပုလွေပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေဦး) နှင့် ရွှေဘိုခရိုင် အမှတ် ( ၄ ) တပ်ရင်း တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article