29 C
Yangon

မြ၀တီ ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားကို မြန်မာဘက်က ၇ ရက်ကြာ ပိတ်ထားပြီးနောက် ယနေ့ ပြန်လည်ဖွင့်လှစ်၊ အမှတ် ၂ တံတားမှာမူ ပြင်ဆင်မှုများ လုပ်နေဆဲ

Must read

ရန်ကုန်၊ ဧပြီ ၂၇

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားကို မြန်မာဘက်က ၇ ရက်ကြာ ပိတ်ထားပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း မြ၀တီအခြေစိုက် ပြည်သူများထံမှ သိရှိရသည်။

ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှစတင်၍ ထိုင်း-မြန်မာနယ်စပ် မြဝတီချစ်ကြည်ရေး တံတားအမှတ် ၁ ကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း၊ ယခုအခါ မဲဆောက်ဘက်သို့ မြ၀တီဘက်မှ ပြည်သူများ စတင်ကူးနေကြပြီဖြစ်ကြောင်း သိရှိရသည်။

“ဒီမနက်မှာပြန်ဖွင့်ပြီ။ အခု မဲဆောက်ဘက်ကိုကူးဖို့ တန်းစီနေကြတာတွေ့တယ်။ ပြန်တော့ ဖွင့်သွားပါပြီ” ဟု မြ၀တီမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

မြ၀တီ အမှတ် ၁ ချစ်ကြည်ရေးတံတား ကို မြို့ပေါ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ဧပြီလ ၂၁ ရက်နေ့မှစတင်ပြီး မြန်မာစစ်ကောင်စီဘက်က ပိတ်ထားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကုန်ကားများ အဓိက ဖြတ်သန်းသွားလာနေသည့် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေး တံတားမှာမူ တိုက်ပွဲများကြောင့် ပျက်စီးသွာသည့်

အဆောင်များကို ပြင်ဆင်မှုများ လုပ်ဆောင်နေသဖြင့် ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article