30 C
Yangon

ပေါက်မြို့နယ်ရဲစခန်းမှ ရဲတပ်သား စည်သူဗိုလ် လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်မှု ဆုငွေ ကျပ်သိန်း ၃၀ ချီးမြှင့်

Must read

ရန်ကုန်၊ ဧပြီ ၂၇

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပေါက်မြို့နယ်ရဲစခန်းမှ ရဲတပ်သား စည်သူဗိုလ်သည် လက်နက်ခဲယမ်း နှင့် အတူ အလင်းဝင်ရောက်လာသဖြင့် ဆုငွေ ကျပ်သိန်း ၃၀ ချီးမြှင့်ပေးခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းထံမှ သိရသည်။

ယနေ့ ဧပြီလ ၂၇ ရက်နေ့တွင် ပေါက်မြို့နယ် ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား စည်သူဗိုလ် ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းထံဆက်သွယ်ကာ BA 94 တစ်လက်၊ကျည်အိမ် ၂ ခု၊ 9 mm ကျည်အတောင့် ၃၀ နှင့်အတူ အလင်းဝင်ရောက်လာခြင်းကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသည့် ရဲတပ်သားကို လိုအပ်သည်များ မေးမြန်းကာ ဂုဏ်ပြုဆုငွေ ကျပ် သိန်း ၃၀ ချီးမြှင့်ပေးကာ လုံခြုံသည့် နေရာသို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

စစ်ကောင်စီ၏လက်အောက်တွင် အကြောင်းအမျိုးမျိုးကြောင့် တာဝန်ထမ်းဆောင်နေကြ သူများ အနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် အမြန်ဆုံးပူးပေါင်းကြရန်နှင့် ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းအနေဖြင့် အလင်းဝင်ရောက်လာမည့်စစ်ကောင်စီတပ်သားများကို အမြဲ ကြိုဆိုလျက်ရှိ ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article