30 C
Yangon

တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုး မီးရှို့နေသော စစ်တပ်ကို တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ သာကေတရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၉ လုံးပြာကျ

Must read

ရန်ကုန်၊ ဧပြီ ၂၇

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုး မီးရှို့နေသော စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး သာကေတရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင်း နေအိမ် ၄၉ လုံးပြာကျခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ် မတော် – PLA ထံမှ သိရသည်။

ဧပြီလ ၂၂ ရက်နေ့က စတင်၍ ဧပြီလ ၂၄ ရက်နေ့အထိ တန့်ဆည်မြို့ အရှေ့မြောက်ဘက်ရှိ သာကေ တ ကျေးရွာကို အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများက စစ်ကြောင်းထိုး စီးနင်းခဲ့ပြီး ပြည်သူ့ လွတ် မြောက်ရေး တပ်မတော် – PLA ၊ TCRF (PLA) နှင့် KPK မဟာမိတ်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁ ဦး နှင့် ပျူစောထီး ၁ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အထိနာသော အကြမ်းဖက် စစ်တပ်က သာကေတ ကျေးရွာ အတွင်းရှိ နေအိမ် ၄၉ လုံး ကို မီ:ရှို့ဖျက်ဆီ:ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား အလောင်းများနှင့် ဒဏ်ရာရရှိသူများကို အကြမ်းဖက် စစ်သားများက သယ်ဆောင်သွားပြီး နားဋောင်းကျကျေး ရွာဘက်သို့ ပြန်လည် သယ်ထုတ်သွားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ် မတော် – PLA က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article