27 C
Yangon

လှိုင်မြို့နယ်ရဲစခန်းအနီးတွင် ဗုံးတွေ့ရှိ၍ စစ်တပ်က လမ်းပိတ်၍ ဖောက်ခွဲ

Must read

လှိုင်မြို့နယ်ရဲစခန်းအနီးတွင် ဗုံးတွေ့ရှိ၍ စစ်တပ်က လမ်းပိတ်၍ ဖောက်ခွဲ

ရန်ကုန်၊ ဧပြီ ၂၈

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရဲစခန်းအနီးတွင် မပေါက်ကွဲသေးသော ဗုံးတွေ့ရှိ၍ စစ်တပ် က လမ်းပိတ်ဖောက်ခွဲလိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက်အစောပိုင်းတွင် လှိုင်မြို့နယ်ရဲစခန်းရှေ့ ရန်ကုန်-အင်းစိန်ကားလမ်းဘေးတွင် မပေါက်ကွဲသေးသော ဗုံးတွေ့ရှိခဲ့ရကြောင်း၊ ယင်းနောက် စစ်တပ်က လာရောက်ပြီး လမ်းကို ပိတ်ချကာ မပေါက်ကွဲသေးသော ဗုံးကို ယနေ့ နံနက် ၈ နာရီ ၇ မိနစ်အချိန်တွင် ဖောက်ခွဲလိုက်ကြောင်း သိရှိရသည်။

“ဒီမနက် ၈ နာရီ ၆ မိနစ်လောက်မှာ ဗုံးပေါက်တာ။ အတော်ကို အသံကကျယ်တယ်။ ရန်ကုန်-အင်းစိန်လမ်းမကိုပိတ်ပြီး ဗုံးခွဲတယ်လို့ပြောတယ်။ မပေါက်ကွဲသေးတဲ့ဗုံး လှိုင်မြို့မရဲစခန်းနားမှာ တွေ့လို့ ဖောက်ခွဲတယ်ပြောပါတယ်။ အိမ်တွေပါတုန်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ဗုံးတွေ့ရှိပြီးနောက် စစ်တပ်နှင့်ရဲများက ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ရဲစခန်းအနီးတွင်မူ လက်နက်ကိုင်ရဲတချို့ အဆင်သင့် လုံခြုံရေးယူစောင့်ဆိုင်းလျက်ရှိကြောင်း ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Getty Image ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article