35 C
Yangon

ပခုက္ကူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့် စစ်ယာဉ်တန်းကို ဒရုန်း၊ မိုင်းတို့ဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ကား ၂ စီး ပျက်စီး

Must read

ပခုက္ကူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့် စစ်ယာဉ်တန်းကို ဒရုန်း၊ မိုင်းတို့ဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ကား ၂ စီး ပျက်စီး

ရန်ကုန်၊ ဧပြီ ၂၈

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ငဖောင်ကန်ရွာနှင့် ဘုန်းကန်ရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ကို ဒရုန်း၊ မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သား ၂ ဦးသေဆုံးပြီးကား ၂ စီး ပျက်စီးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၅ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ပခုက္ကူမြို့နယ် ငဖောင်ကန်ကျေး ရွာ၌ တပ်စွဲထားသော အကြမ်း ဖက် စစ်သား၊ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ဘန် ကာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီးအကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကြောင်း၊ စစ်သား ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်သားများသည် ကျေးရွာအတွင်း၌ နေထိုင်၍ ဖြတ်သန်းသွားလာသော ပြည်သူ များနှင့် ခရီးသွားမော်တော်ယာဥ်များကို အနိုင်ကျင့်၍ ဆက်ကြေးကောက်ခံခြင်း၊ ရိက္ခာများ ကားပေါ် ဆွဲချယူဆောင်ခြင်းတို့ လုပ်ဆောင်လျက်ရှိသဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ Black Cobra (ကမ္မတပ်ပေါင်းစု)၊ DMG (ဓားမင်းကြီး) နှင့် PKU Thu Rain အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ပခုက္ကူမြို့နယ်၊ ဘုန်းကန်ကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဒရုန်းဖြင့် Drop ဗုံးသီး အလုံး ၃၀ ကျော် ကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ ညနေ ၅ နာရီကျော် အချိန်အထိ ဒရုန်းဖြင့် ဗုံးများ ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကူ လာသော စစ်ကား ၁ စီးနှင့် ပျူစောထီးကား ၁ စီးကိုလည်း ယူကလစ်စခန်းကုန်းနှင့် ဘုန်းကန်ပျူရွာအကြား မိုင်းပွိင့် ၂၀ ဖြင့် တိုက်ခိုက်ခဲ့ရာ ကားပေါ်တွင်လိုက်ပါလာသော စစ်သား၊ ပျူစောထီး ၁၁ ဦးခန့် ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ကား ၂ စီးမှာလည်း မိုင်းထိပျက်စီးသွားသဖြင့် လုံခြုံရေး အင်အား အများအပြား ချထားလျက် ပျက်စီးသော ကားများကို ပြန်လည်ဆွဲယူသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ Black Cobra (ကမ္မတပ်ပေါင်းစု)၊ Kmma Defense Force (KMDF)၊ PKU Thurain နှင့် DMG (ဓားမင်းကြီး) ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ကရင်နီပြည်တွင် မိုင်းဆွဲခံထားရသော စစ်ကောင်စီ၏ ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article