33 C
Yangon

လှိုင်သာယာမြို့နယ်၊ ၅ ထိပ်ရှိ ရဲစခန်းကို ၄၀ မမ ဗုံးလက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် တောင်ဒဂုံတို့တွင် ဗုံးများပေါက်ကွဲ

Must read

ရန်ကုန်၊ ဧပြီ ၂၈

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၅ ထိပ်ရှိ ရဲစခန်းကို ၄၀ မမ ဗုံးလက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့အ​ေဲခစိုက် Dark Shadow တပ်ဖွဲ့မှ ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၈ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် Dark Shadow အဖွဲ့က “Urban Freedom” စစ်ဆင်ရေး အဖြစ် လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ ၅ထိပ်ရဲစခန်းကို ၄၀ မမ ဗုံးသီး ၄လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု အောင်မြင်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိကြောင်း ၊ တိုက်ခိုက်မှု ဆောင်ရွက်သော ရဲဘော်များလည်း နေရပ်သို ဘေးကင်းစွာဖြင့် ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိရှိရသည်။

လှိုင်သာယာမြို့နယ်မှ ပြည်သူတချို့ကမူ ယနေ့ ည ၈ နာရီဝန်းကျင် လှိုင်သာယာမြို့နယ် နေရာအနှံ့အပြားတွင် စစ်တပ်နှင့်ရဲများ ဂိတ်ချ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ပြောဆိုသည်။

အလားတူ မရမ်းကုန်းမြို့ အမှတ် ၃ ရပ်ကွက်တွင် ယနေ့ ည ၉ နာရီ ၁၀ မိနစ်အချိန်တွင်လည်းကောင်း၊ လှိုင်မြို့နယ်တွင် ယနေ့ည ၉ နာရီဝန်းကျင်အချိန်တွင်လည်းကောင်း၊ တောင်ဒဂုံမြို့နယ်တွင် ယနေ့ည ၉ နာရီ ၃၅ မိနစ်အချိန်တွင်လည်းကောင်း ဗုံးများ အသီးသီးပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရန်ကုန်မြို့တွင် ညပိုင်း ဟန်ရေးပြ ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်မြို့တွင် ညပိုင်း ဟန်ရေးပြ ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article