29 C
Yangon

မြိုင်မြို့နယ်၊ စစ်တပ် တပ်စွဲထားသော စက်မှု ၂ အနီးတွင် မုဒိမ်းကျင့် သတ် ဖြတ် ခံထားရသည့် သူနာပြု အမျိုးသမီးငယ်အလောင်းတွေ့ရှိရ၊ စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် အထောက်အထားများတွေ့ရ

Must read

ရန်ကုန်၊ ဧပြီ ၂၉

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ အနီးတွင် မုဒိမ်းကျင့်သတ်ဖြတ်ခံထားရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို‌ တွေ့ရှိခဲ့ကြောင်း Ghost of Enemies – GOE Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၇ ရက်နေ့ အကြမ်းဖက်စစ်သားများ တပ်စွဲနေထိုင်သည့် မြိုင်မြို့နယ်၊ စက်မှု ၂ အနီး၌ အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်း ဒေသနေပြည်သူများ၏ သတင်းပေးပို့ချက်အရ Ghost of Enemies – GOE Revolution Force တပ်ဖွဲ့တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ခန္ဓာကိုယ် ပေါ်တွင် အဝတ်အစားများမတွေ့ရဘဲ အနီးအနားပတ်ဝန်းကျင်၌ အဝတ်အစားများ ပြန့်ကျဲလျက် တွေ့ရှိရကြောင်း၊ ထို့အပြင် ဆေးခန်းပြသည့် အိတ်တစ်လုံးတွေ့ရှိရပြီး ၎င်းအိတ်ထဲမှာ ဓာတ်ပုံများ၊ ဆေးခန်းစာရွက်မှတ်တမ်းစာရွက်များတွေ့ရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့အဖွဲ့သွားကြည့်လိုက်တော့ ပုပ်နေပြီ၊ ရုပ်ကလည်း မကွဲပြားတော့ဘူး၊ သူ့မှာ လက်ဆွဲ အိတ်လေးပါတယ်။ ဆေးခန်းပြတဲ့အိတ်လေးပါတယ်။ အဲဒီအိတ်ရယ်၊ အဝတ်အစားတွေကတော့ ခန္ဓာကိုယ်ပေါ်မှာ မတွေ့ရဘူး၊ ဘေးပတ် ပတ်လည်မှာ ပြန့်ကျဲနေတာတွေ တွေ့ခဲ့တယ်။ သေတဲ့ ပုံစံ အနေအထားရယ်၊ အဝတ်အစားမတွေ့ရတဲ့ အနေအထားဆိုတော့ အဓမ္မပြုကျင့်သတ်ဖြတ်ခံရတာ ။” Ghost of Enemies – GOE Revolution Force မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တွေ့ရှိသည့် ရုပ်အလောင်းကို ကောင်းမွန်စွာ မီးရှို့သင်္ဂြိုလ်ပေးခဲ့ပြီး တွေ့ရှိသည့် ပစ္စည်းများကို သိမ်းဆည်းကာ သေဆုံးအမျိုးသမီး၏ မိသားစုဝင်များနှင့်အဆက်အသွယ်ရရှိရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

“ကျနော်တို့တင်ထားတဲ့ ဓာတ်ပုံထဲက မိန်းကလေးနဲ့ အဆက်သွယ်ရတယ်လို့တော့ ပြောတယ်။ ဘယ် မှာနေလည်း၊ ဘယ်သူလည်းတော့ တိတိကျကျ အတည် ပြုလို့မရသေးဘူး၊ ပုံထဲက ကောင်မလေးက နားကြပ်ပါတာရယ်။ ပြီးတော့ သေဆုံးသူမှာပါတဲ့ အိတ်ထဲကလည်း ဆေးမှတ်တမ်းတွေလည်း တွေ့ တာဆိုတော့ ပုံထဲကကောင်မလေးပဲ၊ သူနာပြုလိုင်းထဲကပဲလို့ လော လောဆယ် အတည်ပြုထား တယ်။ဒါပေမယ့် ကျနော်တို့ တင်လိုက်တဲ့ ပုံထဲက ကောင် မလေးနဲ့ အဆက်အသွယ်ရထားတယ်လို့ ကြားနေတာလည်း ရှိတယ်၊” Ghost of Enemies – GOE Revolution Force မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပေါက်မြို့နယ်၊ ဖလံကိုင်းနယ်မြေရဲစခန်းမှ ဆုတ်ခွာလာသော အကြမ်းဖက်စစ်သား၊ ရဲများသည် ဝက်ပုတ်ပျူစောထီးကျေးနှင့် စက်မှု ၂ ဘက်တို့တွင် ရောက်ရှိနေပြီး အလောင်းစွန့်ပစ်ခံရသည့် နေရာမှာလည်း အကြမ်းဖက်စစ်သားများတပ်စွဲထားရာ နေရာနှင့်နီးကပ်သဖြင့် အလျှင်အမြန် မီးရှို့ သင်္ဂြိုလ်ပေးကာ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #သူနာပြု အမျိုးသမီးငယ်အလောင်းတွေ့ရှိ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article