ဒီကနေ့ ဧပြီ ၂၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်ကောင်စီက အသက် ၆၇ နှစ်မကျော်သေးတဲ့ စစ်မှုထမ်းတွေအားလုံး စစ်မှုပြန်ထမ်းရ မယ်လို့ အမိန့်ညွှန်ကြားချက်ကို လျှို့ဝှက်ထုတ်ပြန်ထားတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
- မကွေးတိုင်းအတွင်း လူငယ်တွေနဲ့ အမျိုးသားတွေကို စစ်တပ်က ပေါ်တာဆွဲနေတဲ့အခြေအနေ ဆိုးလာနေပြီး အများစုမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသပြည်သူတွေကပြောပါတယ်။
- ရခိုင်ပြည်နယ်၊ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်တပ်က ရိက္ခာပို့ဆောင်ဖို့ မကွေးတိုင်းက ပြည်သူပိုင်ကားတွေကို ခြိမ်းခြောက်ငှားရမ်းနေပြီး ရိက္ခာပို့ဖို့ မလိုက်တဲ့ ကားပိုင်ရှင်တွေကို တစ်ဦး ငွေကျပ် ၆ သိန်း တောင်းခံနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
