39 C
Yangon

မုံရွာ-ချောင်းဦးလမ်းပေါ်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ကားတစ်စီးပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၂၉

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းပေါ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ပျက်စီးခဲ့ကြောင်း People’s Defense Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၈ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ အချိန် ချောင်းဦးမြို့မှ စစ်သားတချို့ကို တင်ဆောင်ကာ မုံရွာဘက်သို့ ထွက်လာသော စစ်ယာဉ်တန်းကို အသင့်ထောင်ထားသော မိုင်းပွိုင့်ပေါ် အရောက် ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားကို ထိမှန်ခဲ့ပြီး ထိုးရပ်သွားကြောင်း သိရသည်။

ထို့နောက် စစ်တပ်က မိုင်းစထိမှန်ပျက်စီးသွားသော ကားကို မိနစ် ၃၀ ခန့်အကြာ ပြန်လည် ပြင်ဆင်ပြီး မုံရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း၊ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြမ်းဖက်စစ်သား ထိခိုက် သေ ဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ မွန်းလွဲ ၂ နာရီ ၄၈ မိနစ်အချိန် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်ခွာလာသော အကြမ်း ဖက်စစ်သားများ စီးနင်းလိုက်ပါလာသည့် ဖောကား ၅ စီးကို ပဒေသာမိုင်း ၃ လုံး ၁ ပွိုင့်၊ ၂ လုံး ၁ ပွိုင့်တို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကား တစ်စီးပျက်စီး သွားပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defense Force – South Monywa တပ်ခွဲ ၃ တပ်စု ၂ Youth Vigor Revolution Force နှင့် မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၂ Black Hunter People’s Task Force တို့ ပူးပေါင်းကာတ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အ ကြမ်းဖက်စစ်သားများဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော် လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ကရင်နီပြည်နယ်တွင် မိုင်းထိမှန်ခဲ့သော စစ်ကားတစ်စီး။ (ပုံအဟောင်း ဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကရင်နီပြည်နယ်တွင် မိုင်းထိမှန်ခဲ့သော စစ်ကားတစ်စီး။ (ပုံအဟောင်း ဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article