39 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တွေ အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေကို အီးယူက သက်တမ်းထပ်တိုး

Must read

ရန်ကုန်၊ ဧပြီ ၂၉

စစ်ခေါင်းဆောင်အပါအဝင်၊ စစ်အုပ်စု နဲ့ ပတ်သက်ဆင်နွယ်နေတဲ့ လူပေါင်း ၁၀၀‌ ကျော်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ကို ၁ နှစ်သက်တမ်းတိုးတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ကြေညာပါတယ်။

မြန်မာ စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေတာကြောင့် ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူပိတ်ဆို့မှုတွေကို ၂၀၂၅ ခုနှစ် ဧပြီ ၃၀ရက်နေ့ အထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း အီးယူ က ကြေညာပါတယ်။

အီးယူ က အရေးယူပိတ်ဆို့ထားတဲ့ အထဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၊ဒု -စစ်ခေါင်းဆောင် စိုးဝင်းနဲ့ ယာယီမ္မတ မြင့်ဆွေနဲ့ စစ်ကောင်စီအဖွဲ့တွေအပါအဝင် လူပုဂ္ဂိုလ် စုစုပေါင်း ၁၀၃ ဦးနဲ့ အဖွဲ့အစည်း ၂၁ ဖွဲ့တို့အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ သက်တမ်းထပ်တိုးခဲ့တာပါ။

EU ရဲ့ ပိတ်ဆို့ မှုအရ ပိုင်ဆိုင်မှုပိတ်သိမ်းတာအပြင် ပိတ်ဆို့ခံထားရသူတွေ အကျိုးရှိစေမယ့် ရန်ပုံငွေနဲ့ စီးပွားရေးအရင်းအမြစ် ပိတ်ပင်တာ၊ ဥရောပသဂ္ဂနိုင်ငံတွေ ခရီးသွားခွင့် ပိတ်ပင်တာတွေပါဝင်ပါတယ်။

ဥရောပသမဂ္ဂ အနေနဲ့ လက်နက်နဲ့ လက်နက်ထုတ်လုပ်မယ့်ကုန်ကြမ်းတွေ၊ ပြည်တွင်းဖိနှိပ်မှုအတွက် အသုံးပြုလို့ရနိုင်မယ့် ဆက်သွယ်ရေးစောင့်ကြည့်ပစ္စည်းတွေ တင်ပို့မှုတွေကို ဆက်လက်ပိတ်ပင်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အကြမ်းဖက် မင်းအောင်လှိုင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article