30 C
Yangon

ရွှေကျင်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၅ ရွာကျော် ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ဧပြီ ၂၉

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၅ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟို က ထုတ်ပြန်ထားသည်။

ဧပြီလ ၂၆ ရက်နေ့တွင် ရွှေကျင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျောက်တန်းရွာ၊ အင်္ဂနီရွာ၊ သရက်ချောင်းရွာ၊ ပဇင်းပင်ကျောက်ပုံစိတ်ရွာ နှင့် ရုံးဒိုင်းရွာတို့မှ ပြည်သူ ၅၈၁၉ ဦးခန့်သည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ပြည်သူများကို လမ်းပြအဖြစ် အသုံးပြုခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article