ရန်ကုန်၊ မေ ၁
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်ပြီဖြစ် ကြောင်း ချင်းညီနောင်အဖွဲ့များက ယနေ့ တရားဝင်ကြေညာသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ မှစတင်၍ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ နယ်၊ ကျင်ဒွေးမြို့ရှိ စစ်ကောင် စီစခန်းကို နယ် မြေခံ CDF-ကန်ပက်လက်နှင့်အတူ အခြား CDF ပူးပေါင်းတပ်များ၊ PDF တပ်များက စတင်ခိုက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဧပြီ လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ နာရီအချိန်တွင် စစ်ကောင်စီစခန်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည့်အပြင် လက် နက်ခဲယမ်း များကိုလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။
၄ လ ကျော်ကြာမြင့်သော ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) အပါအဝင် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်သားတွေ အရှင်ဖမ်းဆီးရရှိတာလည်းရှိတယ်။ စစ်တပ်ဘက်မှာ သေဆုံးတာလည်းများတယ်။ လက်နက်တွေလည်း သိမ်းဆည်းရရှိတာများပါတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ – ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် သိမ်းဆည်းရရှိသည့် စစ်တပ်၏ လက်နက်ခဲယမ်းများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ချင်းညီနောင်အဖွဲ့များ #စစ်တပ်ဘက်မှ သေဆုံးမှု များပြား
