32 C
Yangon

မုံရွာနှင့် ဘုတလင်မြို့နယ် အစပ် တန်ပိုဂိတ်အနီး ကင်းပတ်နေသော စစ် ကြောင်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်

Must read

ရန်ကုန်၊ မေ ၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်အစပ်၊ တန်ပိုဂိတ်အနီးတွင် ကင်းပတ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၃၀ ရက် နေ့ မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်စပ်ကြား တန်ပိုဂိတ်အနီး၌ ခြေ လျင် ကင်းပတ်နေသော အကြမ်းဖက်စစ်သားများကို ၈၀ မမ လက်နက်ကြီး ၇ လုံး၊ ၄၀ မမ ဗုံးသီး ၁၀ လုံးတို့ ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိကြောင်း၊ အော်ဟစ်ဆဲဆိုသံများလည်းကြားခဲ့ရကြောင်း သိရသည်။

“စစ်ခွေး ၂ ကောင် တန်ပိုဂိတ်အထိ မူးပြီးလာတယ်ဆိုလို့ လိုက်တာကနေ ပွဲဖြစ်တာ။ သူတို့က ဂိတ်နား က နဂါးမောက်ထဲနားက ဗြုတ်တောထဲမှာဆိုတော့ ဘယ်နှစ်ယောက်လောက်ရှိတယ်ဆိုတာ အတိ အကျ မသိရဘူး” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး စစ်တပ်ကလည်း RPG လက်နက် ကြီးဖြင့် ပြန်လည်ပစ်ခတ်သည့်အပြင် စက်လက်နက်များ၊ လက်နက်ငယ်များဖြင့်လည်း ပြန်လည် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ဘုတလင်မြို့နယ် ပကဖအဖွဲ့ ၊ကနောင်အဖွဲ့နှင့် ဒေသကာကွယ်ရေးအဖွဲ့ ငယ်များ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ကရင်ပြည်နယ်အတွင်းတွင် ယခုနှစ်ဆန်းပိုင်းအတွင်း တွေ့ရှိရသည့် စစ်တပ် စစ်ဆေးရေးဂိတ်တစ်ခု။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကရင်ပြည်နယ်အတွင်းတွင် ယခုနှစ်ဆန်းပိုင်းအတွင်း တွေ့ရှိရသည့် စစ်တပ် စစ်ဆေးရေးဂိတ်တစ်ခု။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article