34 C
Yangon

မြ၀တီမြို့၊ ဘုရင့်နောင်စျေးကြီးတွင် မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ခန်းတချို့နှင့်ဂိုဒေါင်တချို့ မီးထဲပါသွား

Must read

ရန်ကုန်၊ မေ ၁

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီမြို့ ဘုရင့်နောင်စျေးကြီးတွင် ယနေ့ မွန်းလွဲပိုင်း မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ခန်းတချို့နှင့် ဂိုဒေါင်တချို့ မီးထဲပါသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ယနေ့ မေလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ဝန်းကျင်အချိန်တွင် မြ၀တီမြို့၊ ဘုရင့်နောင်စျေးကြီး မြောက်ဘက်​၊ စျေးရုံ၏ အနောက်ဘက် ကုန်စုံဆိုင် ဂိုဒေါင်မှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ မိနစ် ၄၀ ကျော်ကြာ မီးလောင်ကျွမ်းခဲ့ပြီးနောက် မီးညွန့်ကျိုးသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဆိုင်ခန်းတချို့နှင့် ဂိုဒေါင်တချို့ မီးထဲပါသွားကြောင်း သိရှိရသည်။

“ကုန်စုံဆိုင်ဂိုဒေါင်က စလောင်တာလို့ပြောတယ်။ အခုတော့ မီးညွှန့်ကျိုးသွားပါပြီ။ ဆက်ပြီး ငြိမ်းသက်နေကြတုန်းပဲ။ ပူကလည်းပူတော့ မီးကူးစက်မှာ ပြည်သူတွေက စိုးရိမ်ကြတာ။ အခုတော့ မီးကိုနိုင်သွားပါပြီ။ ဆိုင်ခန်းတချို့ပါသွားတယ်။ အသေအချာတော့မသိရသေးဘူး။ မီးငြိမ်းနေကြတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article