37 C
Yangon

ကျောက်ထုမြို့ အမှတ် ၃၆၈ အမြောက်တပ်မှ စစ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ်သိန်း ၅၀ ဆုချီးမြှင့်

Must read

ကျောက်ထုမြို့ အမှတ် ၃၆၈ အမြောက်တပ်မှ စစ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ်သိန်း ၅၀ ဆုချီးမြှင့်

ရန်ကုန်၊ မေ ၂

မကွေးတိုင်း၊ ကျောက်ထုမြို့ အမှတ် ၃၆၈ အမြောက်တပ်မှ စစ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့ကြောင်း YRA ထီလင်း မှ သခင်ဇော် က ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁ ရက်နေ့တွင် ကျောက်ထုမြို့ အခြေစိုက် အမှတ် ၃၆၈ အမြောက်တပ်မှ စစ်သား ၁ ဦးသည် MA ၁ သေနတ် ၁ လက်နှင့် ကျည် ၅၀၀ ကျော် ယူဆောင်လာပြီး YRA ထီလင်း တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

“သူက ထီးလင်းမြို့ပေါ်မှာ တာဝန်ကျနေတာ အမှတ် ၃၆၈ အမြောက်တပ်ကလို့ သိရတယ်။ ကျွန်တော်တို့ထဲမှာလည်း သူ့ထက် အရင် ဝင်ထားတဲ့ သူရှိတယ်။ သူနဲ့ ချိတ်ဆက်ပြီးတော့ အဆက်အသွယ်ရသွားတာပေါ့။ MA သေနတ် ၁ လက်ပါတယ်ပေါ့၊ ကျည် ၅၀၀ လည်းကျော်လည်းပါတယ်။ ကျွန်တော်တို့ YRA က ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ခဲ့တယ်။ သူပြောတာတော့ ခိုးယူပြီးစားနေရတယ်။ စားဝတ်နေရေး အဆင်မပြေဘူး။ ဒါမျိုးတွေပေါ့ အဓိက စိတ်ပျက်သွားတာပေါ့။ တပ်ထဲမှာ နေရတာစိတ်ပျက်သွားတယ်ပေါ့။ ကျွန်တော်တို့ သူ့ကို အကောင်းမွန်ဆုံး ဒီလွတ်မြောက်တဲ့ နေရာတစ်ခု မှာထား ပေးတယ်” ဟု YRA ထီလင်း မှ သခင်ဇော်က ပြောဆိုသည်။

လက်ရှိချိန်တွင် YRA ထီလင်းထံကို အလင်းဝင်ရောက်သည့် စစ်သားနှင့် ရဲ အပါအဝင် ၂၅ ဦးခန့် ရှိပြီဖြစ်ကြောင်း၊ ထို့ပြင် အလင်းဝင်လာသော စစ်သားများ၏ ဘဝရှေ့ရေး အဆင်ပြေစေရန်နှင့် နေထိုင်ရေး၊ အလုပ်အကိုင်ရရှိရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက် ဆောက်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article