38 C
Yangon

ရန်ကုန်နှင့်မန္တလေးတွင် ညပိုင်း လျှပ်စစ်မီး မပေးနိုင်တော့ဘဲ အဲယားကွန်းအသုံး ပြုသူ များပြားလွန်းမှုက ဓာတ်အားမနိုင်မနင်းဖြစ်ရသည့် အကြောင်း တစ်ရပ်ဟုဆို

Must read

မန္တလေးတွင် တစ်ရက်လျှင် လျှပ်စစ်မီး ၃ နာရီဝန်းကျင်သာ ရရှိတော့ပြီး ရန်ကုန်တွင် တစ်ရက်လျှင် ၄ နာရီဝန်းကျင်သာ မီးရတော့

ရန်ကုန်၊ မေ ၄

ရန်ကုန်နှင့်မန္တလေးတွင် ညပိုင်း လျှပ်စစ်မီး မပေးနိုင်တော့ဘဲ အဲယားကွန်းအသုံးပြုသူများပြားလွန်း၍ ဓာတ်အားမနိုင်မနင်းနေရကြောင်း နေပြည်တော်လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီက တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းဝန်းကျင်ကိုသာ ထုတ်လုပ်ပေးနိုင်သဖြင့် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း ကြေညာခဲ့ကြောင်း၊ ယင်းနောက် ရန်ကုန်နှင့် မန္တလေးတို့တွင် ညပိုင်း အချိန်များတွင်ပါ မီးလုံး၀ မပေးနိုင်တော့ဘဲ အချိန်တိုင်း မီးပြတ်နေကြောင်း ရန်ကုန်နှင့် မန္တလေးမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“ရန်ကုန်မှာဆိုရင် တာမွေ၊ ပုဇွန်တောင် ၊သာကေတ၊ တောင်ဥက္ကလာ၊ တောင်၊ မြောက်၊ အရှေ့ ဒဂုံတွေမှာ မီးအရမ်းပြတ်တယ်။ စမ်းချောင်းနဲ့ မြို့လယ်ခေါင်မှာလည်း ညဘက်ဆိုရင် မီးပြတ်တယ်။ ည ၉ နာရီနောက်ပိုင်း ပြတ်လိုက် လာလိုက်နဲ့ ဖြစ်နေတာ။ ည ၁၁ နာရီကနေ မနက် ၆ နာရီအထိ မီးပြတ်ချိန်ပိုများတယ်” ဟု ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သတင်းရင်းမြစ်ကလည်း နေ့စဉ် ည ၉ နာရီနောက်ပိုင်း ရန်ကုန်မြို့တွင် အဲယားကွန်း လေအေးပေးစက် အသုံးပြု အလွန်များပြားလွန်း၍ လျှပ်စစ်မီးဓာတ်အားများ မနိုင်မနင်းဖြစ်ကာ မကြာခဏ ဆိုသလို မီးပြတ်မှုများ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း၊ ထို့ပြင် မဟာဓာတ်အားလိုင်းမှ ရရှိသော လျှပ်စစ်ဓာတ်အားမှာလည်း မတည်ငြိမ်ဘဲ ဓာတ်အားလျှော့နည်းမှုလည်းဖြစ်ပေါ်နေကြောင်း ပြောဆိုသည်။

မန္တလေးမြို့မှ ပြည်သူများကလည်း လက်ရှိ တစ်နေ့လျှင် ၂၄ နာရီအနက်မှ ၃ နာရီဝန်းကျင်မျှသာ လျှပ်စစ်မီးရတော့ပြီး မီးပြတ်ချိန်နှင့် လာချိန်ပါ ပုံမှန်မဟုတ်တော့ကြောင်း၊ ယခင်က မီးပြတ်ချိန် လာချိန် မှန်သော်လည်း ယခုအခါ ပြတ်ချင်သလို ပြတ်ပြီး မီးလာချိန်မှာလည်း အလွန်နည်းပါးလာကြောင်း ပြောဆိုသည်။

“တစ်ရက်မှာ ၃ နာရီလောက်ပဲ မီးရတယ်ဆိုတာ တစ်ဆက်တည်းမဟုတ်ဘူး။ နာရီဝက်လောက် လာလိုက် ပြတ်သွားလိုက်။ ၁၅ မိနစ်လောက် လာလိုက် ပြတ်သွားလိုက်။ ၁ နာရီလောက် ပေးလိုက် ပြတ်သွားလိုက် ။ အဲဒီလို အပိုင်းပိုင်းနဲ့လာတာကို ပေါင်းမှ ၃ နာရီလောက်ပဲ မီးရတာ။ အခုရက်ပိုင်း အရမ်းဆိုးလာတယ်။ မီးစက်မောင်းဖို့ကလည်း ဆီစျေးကြီးတာကြောင့် မမောင်းနိုင်ဘူး” ဟု မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှ စတိုင်းဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

တစ်နိုင်ငံလုံး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၄၄၃ မဂ္ဂါဝပ်ရှိသော်လည်း ၂၈၀၀ မဂ္ဂါဝပ်ခန့်သာထုတ်နိုင်၍ တစ်ရက် လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီး အပြည့်အ၀ ပုံမှန် မပေးနိုင်ခြင်း ဖြစ်ကြောင်း ၊ လက်ရှိတွင် ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်း၊ ဆည်များ၌ ရေပြည့်ဝစွာမရရှိခြင်း၊ သဘာ၀ဓာတ်ငွေ့ လုံလောက်စွာ မရရှိခြင်း တို့ကြောင့် တစ်နိုင်ငံလုံး လျှပ်စစ်လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်ပြီး ရန်ကုန်သို့ ၄၆ ရာခိုင်နှုန်း၊ မန္တလေးသို့ ၁၆ ရာခိုင်နှုန်းနှင့် ကျန်တိုင်း/ပြည်နယ်များသို့ ၃၈ ရာခိုင်နှုန်း ခွဲဝေဖြန့်ဖြူးနေရကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရန်ကုန်နှင့်မန္တလေးတွင် ညပိုင်း လျှပ်စစ်မီး မပေးနိုင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article