30 C
Yangon

ဘူးသီးတောင် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု တပ်မဌာနချုပ် အပါအဝင် တပ်ရင်း ၅ ခု ၊ မောင်တောမှ စစ်စခန်းဌာနချုပ် ၄ ခု အပါအဝင် စစ်ကောင်စီတပ်စခန်းကြီး ၉ ခုထက်မနည်းကို AA က တိုက်ခိုက်သိမ်းပိုက်ရရှိ

Must read

ဘူးသီးတောင် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု တပ်မဌာနချုပ် အပါအဝင် တပ်ရင်း ၅ ခု ၊ မောင်တောမှ စစ်စခန်းဌာနချုပ် ၄ ခု အပါအဝင် စစ်ကောင်စီတပ်စခန်းကြီး ၉ ခုထက်မနည်းကို AA က တိုက်ခိုက်သိမ်းပိုက်ရရှိ

ရန်ကုန်၊ မေ ၅

ရခိုင်ပြည်နယ်၊ ဘူသီးတောင်မြို့နယ်ရှိ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အပါအဝင် တပ်ရင်းဌာနချုပ် ၅ ခု၊ မောင်တောမြို့နယ်မှ စစ်စခန်းဌာနချုပ် ၄ ခု အပါအဝင် စစ်ကောင်စီတပ်စခန်းကြီး ၉ ခုထက်မနည်းကို AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ယနေ့ နံနက်ပိုင်းတွင် AA က တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။

ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းစခန်းဌာနချုပ် တပ်ရင်းနှင့်ဌာနချုပ် ၁၂ ခုအနက်မှ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၁၅ ) လက်အောက်ခံ တပ်ရင်းများနှင့် ဌာနချုပ်များဖြစ်ကြသည့်

(၁) ခမရ ၅၅၂ တပ်ရင်းကို မတ်လ ၂၅ ရက်နေ့တွင်လည်းကောင်း၊

(၂) ခမရ ၅၆၄ တပ်ရင်းကို ဧပြီလ ၅ ရက်နေ့တွင်လည်းကောင်း၊

(၃) ခမရ ၅၆၅ တပ်ရင်းအား ဧပြီလ ၂၄ ရက်နေ့တွင်လည်းကောင်း၊

(၄) စကခ ၁၅ ဘူးသီးတောင် တပ်မဌာနချုပ်ကို မေလ ၂ ရက်နေ့တွင်လည်းကောင်း၊

(၅) ခမရ ၅၅၁ တပ်ရင်းကို မေလ ၃ ရက်နေ့တွင်လည်းကောင်း အသီးသီးသိမ်းပိုက် ရရှိထားကြောင်း သိရှိရသည်။

ဘူးသီးတောင်တွင် “စကခ ၁၅ ဘူးသီးတောင်”လက်အောက်ရှိ တပ်ရင်းများ ဖြစ်ကြသော ခမရ ၃၄၅ ၊ ခမရ ၃၅၂ ၊ ခမရ

၃၅၃ ၊ ခမရ ၅၃၅ ၊ ခမရ ၅၅၁ ၊ ခမရ ၅၅၂ ၊ ခမရ ၅၆၄ ၊ ခမရ ၅၆၅ တပ်ရင်းများနှင့် “ဘူးသီးတောင် ဗျူ ဟာ” လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ ၂၃၃ ၊ ခလရ ၂၃၄ ၊ ခလရ ၂၆၃ နှင့် အမတ ၃၇၈ တို့အနက်မှ ၅ ခုကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း၊ ထို့အတူ မိမိတို့သိမ်းပိုက်ရယူရန်ကျန်ရှိနေသေးသော လက်ကျန်စခန်းများကိုလည်း တစ်ပြိုင်နက်တည်း ထိုးစစ် ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ နှင့် လက်နက်ချ အညံ့ခံသော သုံပန်းများ ကို ဖမ်းဆီး ရမိထားကြောင်း၊ ဘူးသီးတောင် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၁၅ )ကို AA က ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ထားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ နောက်ဆုံးအပတ်မှ ထိုးစစ်အားအရှိန်မြှင့်ခဲ့ကာ ၁၂ ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးမှ ယခုကဲ့သို သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

AA က သိမ်းပိုက်ရရှိထားသော ခမရ ၅၅၁ နှင့် စကခ ၁၅ တပ်မဌာနချုပ်မှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့ကြောင်း၊ ထို့အတူ စခန်းစွန့်ခွာ ထွက်ပြေးလွတ်မြောက်နေသော စစ်သားများက ဘူးသီးတောင်မြိုနယ်၊ တန်းရှောက်ခံရွာအတွင်းမှ ခုခံကာကွယ်မှုများရှိခဲ့သော်လည်း AA က ချေမှုန်းတိုက်ခိုက်နိုင်ခဲ့၍ စစ်တပ်ဘက်မှ ထိခိုက်၊ သေဆုံးမှုများ များပြားခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မောင်တော၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲ မြိုများတွင်လည်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများ ဆက်လက်ရှိနေပြီး ဘူးသီးတောင်-မောင်တော ကားလမ်းတစ်လျှောက် စစ်ကောင်စီစခန်းများဖြစ်ကြသော တာဝါတိုင် စခန်းကုန်း၊ ၆ မိုင်စခန်းကုန်း တို့အပြင် နခခ-၁ (ကျီးကန်းပြင်)၊ နခခ-၁၀ (လှဖိုးခေါင်) စခန်းဌာနချုပ်များကိုလည်း သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

ထို့ပြင် အမ်းမြိုနယ်အတွင်းရှိ တောဟိန်းတောင်ဗျူဟာကိုလည်း AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article