35 C
Yangon

တမူးမြို့နယ်တွင် မိုးသက်လေပြင်းကျရောက်မှုကြောင့် စစ်ဘေးရှောင် ကိုယ်ထူကိုယ်ထ စာသင်ကျောင်း အဆောင်များပျက်စီးပြီး စားနပ်ရိက္ခာများဆုံးရှုံး

Must read

ရန်ကုန်၊ မေ ၆

စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် မိုးသက်လေပြင်းကျရောက်မှုကြောင် စစ်ဘေးရှောင် ကိုယ်ထူကိုယ်ထစာသင်ကျောင်း အဆောင်များနှင့် စားနပ်ရိက္ခာများပျက်စီးသွားကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရှိရသည်။

မေလ ၅ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းကြောင့် စစ်ဘေးရှောင် စာသင်ကျောင်းရှိ ဆရာ၊ ဆရာမများနေထိုင်ရာ အဆောင်များ၊ ရိက္ခာဖြစ်သည့် ဆန်နှင့် တခြား စားသောက်ကုန်များ ပျက်စီးသွားခြင်း ဖြစ်ကြောင်း စစ်ဘေးရှောင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“မနေ့က ဖြစ်တာ။ ကျောင်းယာယီပိတ်ထားရပါတယ်။ ကျောင်းသားတွေ ၂၅၀ ၊ ၃၀၀ လောက်တက်တဲ့ ကျောင်းပါ။ သူတို့ အကူအညီတွေ လိုနေပါတယ်”ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ ကြားကာလ NUG နွေဦးစာသင်ကျောင်းကို ဖွင့်လှစ်ခဲ့သည်မှာ ၃ နှစ်မြောက်ရှိပြီဖြစ်ကြောင်းလည်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article