35 C
Yangon

စလင်းနှင့် ငါန်းဇွန် မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၆ ဦး သေဆုံး

Must read

ရန်ကုန်၊ မေ ၆

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မုံရွာ -ပုသိမ်လမ်းပိုင်း ကြပ္ပါယ်ကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ထံမှ သိရသည်။

မေလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ကပစ ၂၁ မှ ထွက်လာသော ဖောကား ၂ စီးနှင့် ဆိုင်ကယ်များ ပါဝင်သော အကြမ်းဖက် စစ်တပ် ယာဉ်တန်းနှင့် ကြပ္ပါယ်ကျေးရွာအနီး နယ်မြေစိုးမိုးရေး လုပ်ဆောင်နေ သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက် တွေ့ဆုံကာ တိုက်ပွဲဖြစ်ခဲ့ပြီး မိနစ် ၂၀ ခန့်အကြာ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အပြန်အလှန် ပစ်ခတ်ချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ လက်နက်အား၊ လူအင်အားမမျှသောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရပြီး အကြမ်းဖက်စစ် သားများလည်း ပြန်လည် ဆုတ်ခွာသွားကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ရဲဘော်များက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် စစ်ကား ၁ စီး ကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။

ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းက ငါန်းဇွန်မြို့နယ် နတ်ကြီးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် မေလ ၂ ရက် နေ့ ညပိုင်းတွင် နတ်ကြီးရွာနှင့် ကျီကုန်းရွာကြား၌ အကြမ်းဖက် စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ စစ်သား အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ငါန်းဇွန်- ပကဖ၊ ငါန်းဇွန်မြို့နယ် ပကဖ အဖွဲ့ဝင်များဖြစ်သော ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့၊ TGYR ပျောက်ကျား အဖွဲ့ ၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့ ၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျားအဖွဲ့ ၊ ငန်းနက် ပျောက်ကျားအဖွဲ့နှင့် အားမာန်သစ်ပျောက်ကျားအဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်းဖြစ် ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article