31 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး မူကြိုကျောင်း အပါအဝင် နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ မေ ၈

ပဲခူးတိုင်း ၊ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး မူကြိုကျောင်း အပါအဝင် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မေလ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်အချိန် ညောင်လေးပင်ခရိုင်၊ ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၄ တပ်ရင်း က ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၈ လုံးဖြင့် လယ်ဒိုမြို့နယ်၊ ပဒဲကောကျေးရွာနှင့် ဘောကထာကျေးရွာများကို ပစ်ခတ်ခဲ့သောကြောင့် မူကြိုကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အတူ မေလ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ခလရ-၂၆၄ တပ်ရင်းက လက်နက်ကြီးများဖြင့် ရေဖြူကန်ကျေးရွာ၊ နွားရေကျောင်းကျေးရွာနှင့် ငါးဖယ်အင်းကျေးရွာအတွင်းကို ထပ်မံ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မေလ ၂ ရက်နေ့ ည ၉ နာရီ ၂၃ မိနစ်ခန့်ကလည်း ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်းက ၁၅၅ မမ ဟောင်ဝှစ်ဇာလက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ကရင်ကျွန်းကြီးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေပြည်သူ အသက် ၄၇ နှစ် အရွယ် နော်ဝါးဒူနှင့် အသက် ၈၉ နှစ် အရွယ် ဖီးကြည်စိန် တို့ ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီလ ၂၇ ရက်နေ့ ညနေ ၆ နာရီခန့်ကလည်း ခလရ-၆၀ တပ်ရင်းက ၆၀ မမ လက်နက်ကြီးများဖြင့် ကျောက်ခဲကြီးကျေးရွာတောင်ဘက်ကို ပစ်ခတ် ခဲ့သောကြောင့် အသက် ၄၅ နှစ်အရွယ် ဦးမင်းဇော် ပွဲချင်းပြီး သေဆုံးပြီး အသက် ၅၅ နှစ်အရွယ် ဦးမောင်အေး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article