31 C
Yangon

Khit Thit သတင်းဌာန၏ မေ ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကချင်ပြည်နယ် မိုးမောက်မြို့နဲ့ မံစီမြို့က ရဲစခန်းတွေကို KIA-PDF မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီး မြို့တွေကိုပါ သိမ်းပိုက်နိုင်ဖို့ လက်ကျန် စစ်တပ်စခန်းတွေကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ၊ ဗန်းမော်မြို့မှာလည်း စစ်တပ်စခန်း ၅ ခုကို သိမ်းပိုက်ထားပြီး မြို့ကိုပါ သိမ်းပိုက်ဖို့ ဆက်လက်ကြိုးစားနေတယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မြ၀တီမြို့မှာ ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို ကူးဖို့ အဓိက လိုအပ်တဲ့ UID စမတ်ကတ်အတွက် လ၀ကမြို့နယ်ဦးစီးမှူး ကျော်စိုးထွန်း ဆိုသူက လူ ၁ ဦးကို ၁ သိန်းခွဲကျပ်တောင်းခံနေပြီး တိုင်ချင်ရာတိုင်လို့ပြောတဲ့အပြင် ပြည်သူတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆို ဆက်ဆံနေတယ်လို့ မြ၀တီမြို့နေ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် စီမံကောင်စီအဖွဲ့ဝင် ဗိုလ်မှူးသန်းဌေး လိုက်ပါလာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကိုတော်လှန်ရေးတပ်တွေက ဖျက်အားပြင်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၅ ဦးကတော့ သေကုန်ကြပြီတဲ့အပြင် ဗိုလ်မှူးသန်းဌေး က ပြင်းထန် ဒဏ်ရာ ရသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article