29 C
Yangon

ကန့်ဘလူမြို့နယ် မလည်ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီး လေကြောင်းတိုက်ခိုက်မှု လုပ်နေ၍ ကျေးရွာ ၁၀ ခုမှ ပြည်သူ ၃၀၀၀၀ ခန့်ထွက်ပြေးနေရ

Must read

ရန်ကုန်၊ မေ ၈

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မလည်ရွာရှိ အကြမ်းဖက်စစ်တပ်၏ အထိုင်စခန်းကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်တပ်ဘက်က အထိနာ၍ လေကြောင်းပစ်ခတ်မှုများ ၊ လက်နက်ကြီးများနှင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ မလည်တိုက်နယ်မှ ရွာ ၁၀ ရွာခန့်ရှိ ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မေလ ၇ ရက်နေ့တွင် မလည်ရွာရှိ အကြမ်းဖက်စစ်တပ်၏ အထိုင်စခန်းကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်တပ်ဘက်မှ အထိအခိုက်အကျအဆုံးများသည့်အပြင် စခန်းစွန့်ခွာထွက်ပြေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်၏ Y-12 စစ်ထောက်ပို့ယာဉ်က ၃ နာရီ နီးပါးအဆက်မပြတ် ဗုံးချတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။

“ပြည်သူ ၃၀,၀၀၀ လောက် ရှောင်နေရပါတယ်။ အခက်အခဲကတော့ အရေးပေါ်ရှောင်ရတာဆိုတော့ ရှိတာပါပဲဗျ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတော့ အခုထိတော့ မကြားမိဘူးဗျ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က မလည်ကျေးရွာအနီး မြောက်ပိုင်းတွင် တပ်စွဲထားကြောင်း၊ မလည်ကျေးရွာ ရဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်ပြီးနောက် လေကြောင်းတိုက်ခိုက်သဖြင့် မြေပြင်စစ်ကြောင်းမှလည်း စစ်ကြောင်းထိုးမှုများ ရှိလာနေကြောင်း သိရှိရသည်။

“မနေ့က မွန်းလွဲ ၁ နာရီလောက်မှာ မလည်ကျေးရွာ ရဲစခန်းကျတယ်။ သူတို့ရဲစခန်းကျသွားတော့ အင်အား ၅၀ လောက်ခန့်စစ်ကူလာတယ်။ လောလော ဆယ်ဆယ် ရွာအပြင် မြောက်ပိုင်းနားမှာ စစ်တပ်ဟာ တပ်စွဲထားတယ်။ ပြည်သူတွေ ကတော့ ထွက်ပြေးနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #လေကြောင်းတိုက်ခိုက်မှု #မလည်ကျေးရွာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article