32 C
Yangon

လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကုန်း စစ်ဆေးရေးဂိတ်တွင် ဆက်ကြေးတောင်းနေသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၈

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကုန်း စစ်ဆေးရေးဂိတ်တွင် ဆက်ကြေးတောင်းနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၇ ရက်နေ့ ည ၁၂ နာရီခန့်တွင် လက်ပံတန်းမြို့နယ် အထွက် ရန်ကုန်-ပြည် ကားလမ်းပိုင်းရှိ ကွမ်းခြံကုန်း စစ်ဆေးရေးဂိတ်တွင် အထိုင်ချတပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ခရီးသွား ပြည်သူများထံမှ ဆက်ကြေးကောက်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးနှင့် ရဲ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“မနေ့က ည ၁၂ နာရီလောက်မှာ ကားတွေကို စစ်ဆေးပြီး ငွေတောင်းနေတဲ့ စစ်ခွေး ၂ ကောင်နဲ့ ရဲခွေး ၁ကောင်ကို ၄၀ မမနဲ့ပစ်တာ သူတို့လဲသွားတော့ မောင်းပြန်နဲ့ ဝိုင်းပစ်တာ နေရာတင်ပွဲချင်းပြီး သေတယ်။ အဲ့ ၃ ကောင် အဆော်ခံရတော့ စစ်ခွေးဂိတ်ထဲက ပြန်ပစ်ကြလို့ အပြန်အလှန်ပစ်တာ ၁၀ မိနစ်လောက်ကြာတယ်။ ကျွန်တော်တို့ဘက်က လက်နက်ကြီး လက်နက်ငယ်နဲ့ ပိတ်ဆို့တိုက်တာမို့ စစ်ခွေးတွေ အထိနာကြတယ်။ သူတို့အထိနာပြီး စစ်ကူတွေလာတာကြောင့် ပြန်ဆုတ်လာတာ သူတို့ဘက်ကတော့ ဒီဂိတ်တိုက်ခိုက်ခံလို့ တော်တော်လန့်နေကြတယ်။ သာယာဝတီခရိုင်အတွင်းက စစ်ကောင်စီ တပ်စခန်း ဂိတ်စခန်းတွေနဲ့ စစ်ကောင်စီတပ်သားတွေအနီး သွားလာတာတွေ မလုပ်ကြဖို့ ကြိုတင်အသိပေးပါတယ်။ ဒီဂိတ်ကနေ လူငယ်တွေဖမ်းပြီး စစ်သားအနေနဲ့ ခေါ်တာ ၂၀ ကျော်ပြီ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ်ခွဲ၂ နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ (Myanmar Defense Force) နှင့် MBDF (မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ကွမ်းခြံကုန်းစစ်ဆေးရေးဂိတ်သည် ပြည်သူများကို အကြောင်း အမျိုးမျိုး ပြ၍ ဖမ်းဆီးနှိပ်စက်ခြင်း၊ ငွေကြေး အဓမ္မတောင်းခြင်း၊ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီး၍ စစ်မှထမ်းရန် စုဆောင်းခြင်း၊ လမ်းသွားလမ်းလာ ပြည်သူများကို အနိုင်ကျင့်ဗိုလ်ကျနေသည့်အတွက် ယခု လို မြိုပြစစ်ဆင်ရေးတစ်ခုအနေအဖြင့် အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင်မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article