35 C
Yangon

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ အရွယ်မရောက်သေးသော မွတ်စလင် လူငယ်များကို စစ်ကောင်စီနှင့် ARSA ၊ ARA၊ RSO တို့က တပ်သားသစ်အဖြစ် လိမ်လည် လှည့်ဖြား စုဆောင်းနေဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ ပြော

Must read

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ အရွယ်မရောက်သေးသော မွတ်စလင် လူငယ်များကို စစ်ကောင်စီနှင့် ARSA ၊ ARA၊ RSO တို့က တပ်သားသစ်အဖြစ် လိမ်လည် လှည့်ဖြား စုဆောင်းနေဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ ပြော

ရန်ကုန်၊ မေ ၉

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ အရွယ်မရောက်သေးသော မွတ်စလင် လူငယ်များကို စစ်ကောင်စီနှင့် ARSA, ARA, RSO တို့က တပ်သားသစ် လိမ်လည် လှည့်ဖြား စုဆောင်းနေဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ယမန်နေ့တွင် ထုတ်ပြန် ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဒုက္ခသည်စခန်းများ IDPs စခန်းများက မွတ်စလင် အမျိုးသားလူငယ်များကို အာရက္ခတပ်တော် AA နာမည်အသုံးပြုပြီး စစ်ကောင်စီအတွက် စည်းရုံးနေကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင်းအတွင်းရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများထံမှ မွတ်စလင် ၅၀၀ ထက်မနည်းကို ARSA ၊ ARA ၊ RSO တို့က စစ်ကောင်စီ အတွက် လူသစ် စုဆောင်း စည်းရုံးသွားခြင်းနှင့်ပတ်သက်၍ ဦးခိုင်သုခက ယမန်နေ့ မေလ ၈ ရက်နေ့တွင် ထုတ် ပြန်သည်။

မွတ်စလင်လူငယ်များ (အထူးသဖြင့်) အရွယ်မရောက်သေးသည့် လူငယ်များကို အာဏာသိမ်း စစ်ကောင်စီနှင့် ARSA ၊ ARA၊ RSO တို့က ၎င်းတို့၏ အကျိုးစီးပွားအတွက် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းအပေါ် ခုတုံးလုပ်ကာ လိမ်လည်လှည့်ဖြား၍ လူသစ်စုဆောင်းနေခြင်းသည် လွန်စွာ ယုတ်မာအောက်တန်းကျသည့် လုပ်ရပ်ဖြစ်သည့်အတွက် ULA/AA အနေဖြင့် ထိုကဲ့သိုသော လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့်မောင်တောဒေသတွင် စစ်ကောင်စီက နယ်မြေများ ပြန်လည်ရရှိရေးအတွက် မွတ် စလင်လူငယ်များကို ဖမ်းဆီး၍ အတင်းအကျပ် စစ်ထဲသို့ ခေါ်ဆောင်မှုများရှိနေပြီး နှစ်ဖက်လူမျိုးစုများအကြားတွင်လည်း ပဋိပက္ခများ ဖြစ်ပေါ်လာစေရန် စစ်တပ်က စနစ်တကျ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article