28 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်က ပဲဒက် ကျေးရွာစစ်တပ်စခန်းနဲ့ ကျောက်ဆည်ကျေးရွာက ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်း ဖက်စစ်သားနဲ့ ပျူစောထီး ၈ ဦးသေပြီး ၂၆ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းဆီက သိရပါတယ်။
  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ဆုံရွာက ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၅ ဦး သေသွားတယ်လို့ မြင်းခြံ Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
  • မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းမလွန်းကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီး ကျောင်းတစ်ခုလုံးမီးလောင်ပြိုကျခဲ့ပြီး ပြည်သူ ၂၀ ဦးထက်မနည်းသေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article