28 C
Yangon

မုံရွာ-ချောင်းဦးလမ်းပေါ် တောင်ပုံရွာအနီးရှိ စစ်တပ်ဂိတ်စခနးကို ဝင်ရောက်တိုက်ခိုက်မှု ၂ ပွင့်ဗိုလ် တစ်ဦးအပါအဝင် ၈ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၁၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းမပေါ် တောင်ပုံရွာအနီးရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ ပွင့်ဗိုလ်တစ်ဦးအပါအဝင် အကြမ်းဖက်စစ်သား ၈ ဦးသေ ဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း လျှပ်စီးတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၉ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန် မုံရွာ – ချောင်းဦးလမ်းမပေါ် တောင်ပုံရွာ အနီးရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် တပ်မှ နှစ်ပွင့်ဗိုလ်တစ်ဦးနှင့် စစ်သား ၄ ဦးသေဆုံးပြီး တောပုပျူစောထီးကျေးရွာမှ ပျူစောထီးတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ထို့နောက် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်အကြာဖြစ် ပွားခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ်ဂိတ်တွင် အကြမ်းဖက်စစ်သား ၁၀ ဦးခန့်ရှိပြီး မုံရွာ-ချောင်းဦးလမ်းမပေါ် တောင်ပုံရွာအနီးရှိ ကွမ်းယာ ဆိုင်ကို ဂိတ်စခန်းအဖြစ် အသုံးပြုကာခရီးသွားပြည်သူများ၊ ခရီးသွား ကားများကို အတင်း အဓမ္မ ဆက်ကြေးကောက်ကောက်ခံလျက်ရှိသည့် ဂိတ်စခန်းတစ်ခုဖြစ်ကြောင်း၊ ထိုသို့ ဝင်ရောက်တိုက်ခိုက်ချိန်တွင် အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးခဲ့သော်လည်း ကျန်စစ်သား ၃ ဦးမှ လက်ပစ်ဗုံးများဖြင့် ခုခံတိုက်ခိုက်နေသဖြင့် လက်နက်ကောက်ယူနိုင်ခြင်းမရှိဘဲ ပြန်လည် ဆုတ် ခွာခဲ့ရသည်ဟု ဆိုသည်။

သေဆုံးသွားသော အကြမ်းဖက်စစ်သား ရုပ်အလောင်းများကို ညနေ ၃ နာရီခွဲအချိန်အထိ လာရောက် ကောက်နိုင်ခြင်းမရှိကြောင်း မုံရွာခရိုင်တပ်ရင်း ၁၂ လျှပ်စီးတပ်ခွဲက ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ – မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်းတပ်ခွဲ ၃ လျှပ်စီးတပ်ခွဲAnyathian Revolutionary Syndicate (ARS) နှင့် နယ်မြေဒေသာကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း ကာကာ ၅ ရက်ခန့်အချိန်ယူကြိုတင်ပြင်ဆင်၍ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article