37 C
Yangon

အောင်လံမြို့ တရော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်က စစ်မှုမထမ်းချင်သော လူငယ်များ နိုင်ငံမှ ထွက်သွားရန်၊ နိုင်ငံ၏ လေကိုပင် မရှုရန် ခြိမ်းခြောက်ပြောဆို ငွေကြေးတောင်းခံ

Must read

ရန်ကုန်၊ မေ ၁၀

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ တရော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်က စစ်မှုမထမ်းချင်သော လူငယ်များအနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားကြရန်နှင့် မြန်မာနိုင်ငံ၏ လေကိုပင် မရှုရှိုက်ကြရန် အစည်းအဝေး ခေါ်ပြောဆိုပြီး ခြိမ်းခြောက်ငွေကြေးတောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မကွေးတိုင်း၊ အောင်လံမြို့တွင် စစ်မှုထမ်းဥပဒေဖြင့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂ စစ်သင်တန်းအတွက် လူရှာမရသဖြင့် ဒေသမှ လူငယ်များကို မဖြစ်မနေ စစ်မှုထမ်းရန် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက ဖိအားပေးလျက်ရှိကြောင်း၊ အောင်လံမြို့ ၊တရော်ကုန်းရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်က မေလ ၈ ရက်နေ့ရက်စွဲဖြင့် ရပ်ကွက်အတွင်း လူငယ်တစ်ဦးချင်းထံစာပို့ပြီး ရပ်ကွက်ရုံးသို့ဆင့်ခေါ်ပြီး စစ်မှုထမ်းရန် ပြောဆိုကြောင်း၊ စစ်မှုထမ်းလိုပါက ငွေကြေးပေးဆောင်ရန် ဖိအားပေးကြောင်း၊ စစ်မှုလည်းမထမ်း၊ ငွေလည်း မပေးချင်ပါက မြန်မာနိုင်ငံမှ ထွက်ခွာသွားကြရန် ငွေညှစ်ခြိမ်းခြောက်တောင်းခံနေကြောင်း သတင်းရရှိသည်။

“ခင်ဗျားတို့မကျေနပ်ရင် တိုင်ချင်တဲ့နေရာကိုတိုင် ဂရုမစိုက်ဘူး။ အောင်လံ ရဲစခန်းမြို့နယ်မှူးနဲ့စခန်းမှူးကလည်းကျုပ်တို့လူပဲ၊ ခင်ဗျားတို့ရဲ့သားတွေကို သူတို့အမိန့်နဲ့ဖမ်းတာ၊ ခင်ဗျားတို့ဆီက ကျုပ်တို့ရတဲ့ငွေကို မြို့နယ်မှူးနဲ့စခန်းမှူးကိုအရင်ဆုံးအပ်ရတာ ရှင်းလား ။ ခင်ဗျားတို့သားသမီးတွေ စစ်မှုမထမ်းချင်ရင်ကျုပ်တို့တောင်းတဲ့ငွေကြေးကိုပေးရမယ်၊ မပေးရင်သေချာပေါက်စစ်ထဲဝင်ရမယ်။ ဒီနိုင်ငံရဲ့ ဥပဒေကိုမလိုက်နာချင်ရင် ဒီနိုင်ငံမှာမနေနဲ့၊ ကုန်ကုန်ပြောရရင် ဒီနိုင်ငံက လေကိုတောင်မရှုနဲ့၊ ရှင်းလား” ဟု အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်က လူငယ်များ၏ မိဘများကို ပြောဆိုကြောင်း သိရှိရသည်။

လက်ရှိ အောင်လံမြို့ပေါ်တွင် စစ်မှုထမ်းရန် အတင်းအကျပ် ဖိအားပေးခြင်း၊ ပေါ်တာဆွဲ ဖမ်းဆီးခံရခြင်းများကြောင့် လူငယ်များမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး မိသားစုလိုက် ထွက်ပြေးနေရမှုများလည်းရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ​အောင်လံမြို့တွင် စစ်မှုထမ်းဥပဒေဖြင့် စစ်ထဲဝင်ကြရန် ပြည်သူများကို စစ်ကောင်စီက ဝါဒဖြန့် နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #တရော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်

​အောင်လံမြို့တွင် စစ်မှုထမ်းဥပဒေဖြင့် စစ်ထဲဝင်ကြရန် ပြည်သူများကို စစ်ကောင်စီက ဝါဒဖြန့် နေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article