ရန်ကုန်၊ မေ ၁၀
ပဲခူးတိုင်း၊ တောင်ငူမြို့၊ တောင်ငူလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်တပ်အရာရှိ ၂ ဦး အပါအဝင် စစ်သား ၁၀ ဦးသေဆုံးပြီး တိုက်လေယာဉ်ထားရာ ဂိုဒေါင်ပြိုကျမှု ကြောင့် တိုက်လေယာဉ် ၂ စီး ထိခိုက် ပျက်စီးကာ K8 Hangar ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း Mountain Knights Civilian Defense Force (MKCDF) ထံမှ သိရသည်။
ယနေ့ မေလ ၁၀ ရက် နံနက် ၄ နာရီ ၁၃ မိနစ်အချိန်တွင် တောင်ငူလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးပစ်ခတ်ခဲ့ရာ ပစ်မှတ်သို့ ၇ လုံးအောင်မြင်စွာထိမှန်ပေါက်ကွဲခဲ့ပြီး K8 Hangar တစ်လုံး မီးလောင်ပျက်စီးကာ အဆောက်အဦးပြိုကျမှုကြောင့် ဂျက်ဖိုက်တာတစ်စင်း အတောင်ကျိုး ၍ နောက်ထပ်ဂျက်ဖိုက်တာတစ်စင်းလည်း အမြီးပိုင်းကျိုးသွားကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက်စစ်သား အရာရှိ ၂ ဦး၊ အခြားအဆင့် ၈ ဦးသေဆုံးခဲ့ပြီး အရာရှိ ၃ ဦး၊ အခြား အ ဆင့် စစ်သည် ၅ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆောက်အအုံ ၂ လုံးနှင့် ပရိဘော ပစ္စည်းအချို့လည်း ပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးကျည်စများ ဓာတုဗုံးများ အနီး ကျရောက်ပေါက်ကွဲမှုကြောင့် အလျှင်အမြန်ရွှေ့ပြောင်းလိုက်ရကြောင်း သိရသည်။
ထို့သို့ တိုက်ခိုက်ခံရမှုနှင့် ပျက်စီးမှုကို သတင်းမထွက်စေရန် ကန့်သတ် ထိန်းချုပ်ထားပြီး ဗုံးသီးများ ပေါက်ကွဲခြင်းမရှိဟု အထက်ဌာနချုပ်မှူများမှ ကကလေသို့ တင်ပြထားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ Fighter Sar Kae အဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်များနှင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယခု မစ်ရှင် သည် တောင်ငူလေဆိပ်အတွင်းသို့ ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ပြီး အ ကြမ်းဖက် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ရာတွင်အဓိက အားရသည့် လေတပ် တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများကို ယခင်ကထက် အဆများစွာ ပိုမိုအသုံးပြု လာပြီး ပြည်သူများ နှင့် တော်လှန်ရေး အင်အားစုများအပေါ် ဓာတုဗုံး၊ အဆိပ်ဗုံးတို့ဖြင့် မရပ်မနား ကျဲချ ကာ သမိုင်းတွင်အောင် ရက်စက်ယုတ်မာလျက်ရှိသဖြင့် လက်တုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
လတ်တလောတွင်ပင် ကရင်နီဒေသ ကုန်းသာရွာ နှင့် ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ အကြည် ပန်းမလွန်းရွာ ဘုန်းကြီးကျောင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားဒေသများရှိ ကလေးသူငယ်များနှင့် ပြည်သူများကို ရန်သူသဖွယ် လေကြောင်းဖြင့် တိုက်ခိုက်နေသော စစ်ကောင်စီလေတပ်၏ ရက်စက် ယုတ်မာမှု ကို လက်တုန့်ပြန်သည့်အနေဖြင့် ကျွန်ုပ်တို့ BWM အဖွဲ့ကစီမံကာ MKCDF က ဦးဆောင် ပြီး မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်ပြိုလျှင်နွေဦးတော်လှန်ရေး အောင်ပွဲ ရမည်ဖြစ်သောကြောင့် BWM အနေဖြင့် MKCDF အဖွဲ့အပါအဝင် မိတ်ဖက်တော်လှန်ရေးအဖွဲ့များနှင့် လက်တွဲကာ လေတပ် ပစ်မှတ်များကို တစိုက်မတ်မတ် ဆက်လက် ပစ်ခတ်သွားမည် ဖြစ်ကြောင်းအသိပေးထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
