28 C
Yangon

အင်းစိန် CID ရုံး ဂိတ်ပေါက်ဝကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်မှု ရဲ ၃ ဦးထက်မနည်း သေဆုံးနိုင်

Must read

အင်းစိန် CID ရုံး ဂိတ်ပေါက်ဝကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်မှု ရဲ ၃ ဦးထက်မနည်း သေဆုံးနိုင်

ရန်ကုန်၊ မေ ၁၀

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ CID ရုံးဂိတ် ပေါက်ဝကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း Mother Son Yangon Force အဖွဲ့ ဦးစီးမှူး ဗိုလ်နိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ယနေ့ မေလ ၁၀ ရက် ညနေ ၅ နာရီ မိနစ် ၃၀ ခန့်တွင် အင်းစိန်မြို့နယ်၊ ရွာမ အရှေ့ရပ်ကွက် အောက်မင်္ဂလာဒုံလမ်းရှိ အမှတ် ၂ မှုခင်းရဲတပ်ဖွဲ့မှူးရုံး – CID ဂိတ်ပေါက်ဝကို ရန်ကုန်မြို့ပြ ပြောက်ကျား ရဲဘော်များက လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ရာ ဂိတ်ပေါက်ဝတည့်တည့် ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲ ၃ ဦးထက်မနည်း သေဆုံးနိုင်ကာ ထိခိုက် ဒဏ်ရာသူများပြားနိုင်ကြောင်း သိရသည်။

“လောလောဆယ်တော့ အကုန်ပိတ်ထားပြီးတော့ စစ်ဆေးနေတယ်။ အနားကို ကပ်လို့ မရဘူး။ အနည်းဆုံး ၃ ကောင်ကတော့ ကျဖို့သေချာတယ်။ ပထမ တစ်လုံးပစ်လိုက်တဲ့အချိန်မှာ ထွက်လာတယ်။ ထွက်လာတဲ့အချိန်မှာ ဒုတိယတစ်လုံးနဲ့ ထပ်ပစ်တာ၊ အဲဒီမှာ ဂိတ်ဝ တည့်တည့်ကိုကျတာ။ ဂိတ်ဝတည့်တည့်မှာတင် သုံးလေးကောင်လဲကျသွားတယ်။ လဲကျသွားတဲ့သူတွေကို ဆွဲသွားတာလဲ တွေ့ရတယ်လို့ သတင်းရထားတယ်။ နောက်ဆက်တွဲ အရေအတွက်ကတော့ မသိရသေးဘူး” ဟု Mother Son Yangon Force အဖွဲ့ ဦးစီးမှူး ဗိုလ်နိုင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့‌ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို သေမင်းတမန် Lpdf အဖွဲ့ နှင့် Mother Son Yangon Force. UG မြို့ပြ ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျား ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ကင်းပုန်းတွေအများကြီးကြားထဲကနေ တိုက်ခိုက်ခဲ့ရတာ၊ အဲနားမှာဆိုရင် ရုံးပေါင်းစုံ ရော၊ တရားရုံး တွေ ရော၊ ဆေးရုံ တွေရော၊ ရဲစခန်းတွေရော အများကြီးရှိတာ၊ နောက်ပြီးတော့ နောက် သုံးလေးရက် လောက်နေရင် သံလျင်မှာ တံတားဖွင့်ဖို့အတွက် အကောင်ကြီးကြီး လာဖို့ရှိတာရယ်ကို သတိပေးတဲ့ အနေနဲ့ တိုက်ခိုက်ခဲ့တာပါ၊” ဟု Mother Son Yangon Force ဦးစီးမှူး ဗိုလ်နိုင်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article