28 C
Yangon

မုံရွာမြို့၊ ဗောဓိတစ်ထောင်တာဝါတိုင် စခန်းမှ ရေခပ်ရန် ဆင်းလာသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

မုံရွာမြို့၊ ဗောဓိတစ်ထောင်တာဝါတိုင် စခန်းမှ ရေခပ်ရန် ဆင်းလာသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၁၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဗောဓိတစ်ထောင်တာဝါတိုင် စခန်းမှ ရေခပ်ရန် ဆင်းလာသော အကြမ်းဖက် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း BRAVE HEART ARMY -BHA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၇ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် မုံရွာမြို့၊ ဗောဓိတစ်ထောင်တာဝါတိုင် စခန်းမှ သောက်ရေခပ်ရန် ဆင်းလာသော အကြမ်းဖက် စစ်သား ၄ ဦးကို BRAVE HEART ARMY -BHA အဖွဲ့မှ ရဲဘော်များက အသင့်စောင့်ဆိုင်းပြီး ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြင်းထန်ဒဏ်ရာရရှိသော စစ်သားကို ဗောဓိတစ်ထောင်တာဝါတိုင် စခန်းသို့ ခေါ်ဆောင်လာစဉ် သေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေး ၂ ကောင်ကတော့ ပွဲချင်းပြီးသေတယ်။ ကျန်တဲ့ ၁ ကောင်ကတော့ ဘုရားကြီးပေါ်ရောက်တော့ သေတယ်လို့သတင်းရတယ်။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ လက်နက် နောက်ထပ် ၃ လက်လောက်လိုနေသေးလို့ ကူညီကြပံ့ပိုးပေးကြပါအုန်းလို့‌ပဲ အဓိကပြောချင်ပါတယ်။ လက်နက်နဲ့ ခဲယမ်းပဲ အဓိက လိုအပ်ပါတယ်။ BRAVE HEART ARMY-BHA PAGES MESSENGER မှာတိုက်ရိုက် လှူဒါန်းနိုင်ပါတယ်လို့ ပြည်သူတွေကို မေတ္တာရပ်ခံပါတယ်” ဟု BRAVE HEART ARMY -BHA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သေဆုံးသွားသော အကြမ်းဖက် စစ်သားများထံမှ G-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခုနှင့် 7.62 ကျည် ၁၀ တောင့်တို့ သိမ်းဆည်း ရရှိခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို CHINDWIN FIGHTER GROUP နှင့် ဗန္ဓုလနှင့် အဖွဲ့သားများက လက်နက် ပံ့ပိုးပေးခဲ့ပြီး တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နိုင်ရန် ပြည်သူများအနေဖြင့် BRAVE HEART ARMY -BHA PAGE MESSENGER သို့ တိုက်ရိုက် ပါဝင် လှူဒါန်းပေးကြရန် မေတ္တာရပ်ခံကြောင်း BHA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article