25 C
Yangon

Breaking News- ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် ပြည်သူများ Mask မတပ်ရန်နှင့် စလွယ်သိုင်း လွယ်အိတ် မလွယ်ရန် စစ်ကောင်စီက အရေးပေါ် အမိန့် ထုတ်ပြန်

Must read

ရန်ကုန်၊ မေ ၁၁

ပြည်သူများအနေဖြင့် Mask တပ်ခြင်း၊ စလွယ်သိုင်း လွယ်အိတ် လွယ်ခြင်းများ မပြုလုပ်ရန် စစ်ကောင်စီက အရေးပေါ် အမိန့်တစ်ရပ်ထုတ်ပြန်လိုက်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရှိရသည်။

PDF များက Mask တပ်၍ လည်းကောင်း၊ စလွယ်သိုင်းလွယ်အိတ် လွယ်၍လည်းကောင်း မြို့ပေါ်တွင် မစ်ရှင်များ ဆောင်ရွက်လာကြောင်း၊ ထို့ကြောင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေး နှင့်လုံခြုံရေးအတွက် Mask တပ်ခြင်း၊ စလွယ်သိုင်းလွယ်အိတ်များ လွယ်၍ သွားလာခြင်းများ လုံး၀(လုံး၀) မပြုလုပ်ရန် စစ်ကောင်စီက အမိန့် ထုတ်ပြန်ကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် Mask တပ်၍ သွားလာခြင်း၊ စလွယ်သိုင်းလွယ်အိတ်များ လွယ်၍ သွားလာခြင်းများကို တည်ဆဲဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက မြို့နယ်များအားလုံးတွင် ထုတ်ပြန်ကြေညာထားသည်ဟု သိရှိရသည်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကြောင်း ကြေညာပြီးသည့်နောက်ပိုင်းမှစတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် စစ်ကောင်စီ၏ ဒေါက်တိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များကို လုပ်ကြံ သတ်ဖြတ်မှုများ ဆက်တိုက်ဆိုသလိုဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article