25 C
Yangon

ကရင်နီတွင် ပြည်သူလူထုပိုင် ပစ္စည်းများနှင့် အိုးအိမ်ပစ္စည်းများကို ဖျက်ဆီး၊ဖောက်ထွင်းခိုးယူရောင်းချသူ၊ ဝယ်ယူများကို အရေးယူမည်ဟု ကြေညာ

Must read

ကရင်နီတွင် ပြည်သူလူထုပိုင် ပစ္စည်းများနှင့် အိုးအိမ်ပစ္စည်းများကို ဖျက်ဆီး၊ဖောက်ထွင်းခိုးယူရောင်းချသူ၊ ဝယ်ယူများကို အရေးယူမည်ဟု ကြေညာ

ရန်ကုန်၊ မေ ၁၁

ကရင်နီပြည်နယ်တွင် စစ်မြေပြင်အတွင်းရှိ ပြည်သူပိုင်ပစ္စည်းများနှင့် ပြည်သူလူထု၏ အိုးအိမ်ပစ္စည်းများ ကို ဖျက်ဆီး၊ဖောက်ထွင်းခိုးယူရောင်းချသူ၊ ဝယ်ယူများအား အရေးယူမည်ဟု ကရင်နီပြည်ကြား ကာလ အုပ်ချုပ်ရေးကောင်စီက ယနေ့ ထုတ်ပြန်ကြေညာသည်။

ကရင်နီပြည် စစ်မြေပြင်အတွင်း ပြည်သူပိုင်ပစ္စည်းများနှင့် ပြည်သူလူထု၏ အိုးအိမ်ပစ္စည်းများကိုဖျက် ဆီးခြင်း၊ ဖေါက်ထွင်း ခိုးယူဖြုတ်ရောင်းခြင်းနှင့် ဝယ်ယူခြင်း ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိကြောင်း ၊ ထို ကဲ့သို့သော စည်းကမ်းမဲ့သည့် လုပ်ရပ်များကို ကိုင်တွယ်ဖြေရှင်းရန် မေလ ၈ ရက် နေ့က ကရင်နီ ပြည် ကြားကာလ အုပ် ချုပ်ရေး ကောင်စီ (IEC) အပါအဝင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကရင်နီ အမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး ရေးပါတီ (KNPDP)၊ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) တို့ ပါဝင်သော တပ်ပေါင်းစုတို့ အစည်းအဝေး ပြုလုပ်ကာ ဆုံးဖြတ်ချက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆုံးဖြတ်ချက်တွင် ကရင်နီပြည် စစ်မြေပြင်အတွင်းနှင့် မည်သည့်နေရာ၌မဆို ပြည်သူပိုင် ပစ္စည်းများနှင့် ပြည်သူ လူထု၏ အိုးအိမ်ပစ္စည်းများကို ဖေါက်ထွင်း ခိုးယူခြင်း၊ ဖြုတ်ရောင်းခြင်း၊ ဝယ် ယူခြင်းနှင့် ဖျက်ဆီးခြင်းစသည့် တရားမဝင် လုပ်ရပ်များကို လုံးဝ တားမြစ်သည်ဟု ဆိုသည်။

ယင်းတားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်သည့် မည်သူ့ကိုမဆို တွေ့ရှိပါက ထိရောက်စွာအရေး ယူသွားမည်ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက တရားဝင် အမိန့်ထုတ်ပြန်သည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် မြို့ကြီးများတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက် သတ်ဖြတ် နှိမ်နင်းပြီး ပြည်သူပိုင် ဆိုင်ကယ်များကို လုယက် ခိုးယူခဲ့ကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article