25 C
Yangon

မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်မှုဖြင့် ဖမ်းဆီးစစ်ဆေးခံခဲ့ရသော ဒုဗိုလ်ချုပ်ကြီး ညိုစော ကျိုင်းတုံခရီးစဉ်တွင် မင်းအောင်လှိုင်နှင့်အတူ ပွဲထွက်ပြ

Must read

ရန်ကုန်၊ မေ ၁၃

မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်မှုဖြင့် ဖမ်းဆီးစစ်ဆေးခံရသော ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ကျိုင်းတုံခရီးစဉ်တွင် မင်းအောင်လှိုင်နှင့်ပွဲထွက်ပြလာသည်ကို စစ်ကောင်စီပိုင်ဝါဒဖြန့် သတင်းမီဒီယာများက သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်မှု နောက် ဆက်တွဲ အဖြစ် မင်းအောင် လှိုင်၏ အကြံပေး ဒုဗိုလ်ချုပ်ကြီးညိုစောကို စစ်ကောင်စီက ဧပြီလ ၁၁ ရက်နေ့တွင် ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း၊ ယင်းနောက် ဖမ်းဆီးစစ်ဆေးခံရပြီးနောက် တစ်လကြာအချိန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အတူ ကျိုင်းတုံခရီးစဉ်တွင် ပြန်လည် ပွဲတက်လာခြင်းဖြစ်သည်။

စစ်ကောင်စီက လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ကို ဧပြီလ ၉ ရက်နေ့တွင် အဂတိမှုဖြင့် အမှုဖွင့် ဖမ်းဆီးပြီးနောက် နောက်ဆက်တွဲအဖြစ် ဧပြီလ ၁၁ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ် အချိန် ဒုဗိုလ် ချုပ်ကြီး ညိုစောနှင့် ဒုဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးတို့ကို နောက်ဆက်တွဲ ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီးညိုစောမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အတူ လူမြင်ကွင်းတွင် ပွဲတက်လာသော်လည်း ဒုဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးနှင့် လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်တို့မှာ ပြန် လည် လွှတ်ပေးခြင်းရှိ၊ မရှိ မသိရှိရပေ။

ဒုတိယဗိုလ်ချုပ်ကြီး ညိုစောသည် စစ်တက္ကသိုလ် အမှတ်စဉ် ၂၃ ကျောင်းဆင်းဖြစ်ပြီး တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တို့တွင်လည်း တိုင်းမှူး တာဝန်များကိုထမ်းဆောင် ခဲ့ပြီး စစ်ထောက်ချုပ်အဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ် ဧပြီလအထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း( MEC ) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး စစ်တပ်ပိုင် အင်းဝဘဏ် ၏ ဥက္ကဋ္ဌအဖြစ်လည်း ထမ်းဆောင်နေကော စစ်ခါင်းဆောင်၏ အထူးအကြံပေး ပုဂ္ဂိုလ်လည်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article