25 C
Yangon

သံတွဲနှင့် ကျောက်တံခါး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး အသက် အန္တရာယ် စိုးရိမ်ရ

Must read

သံတွဲနှင့် ကျောက်တံခါး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး အသက် အန္တရာယ် စိုးရိမ်ရ

ရန်ကုန်၊ မေ ၁၃

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ အောက်နတ်မော်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

မေလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဇီးကျွန်းရွာဘက်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က AA တပ်ဖွဲ့ဝင်များ ရောက်ရှိနေသည်ဟုဆိုကာ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် အောက်နတ်မော်ကျေးရွာရှိ ဦးသံလုံး နေအိမ်ကို လက်နက်ကြီးကျည် ထိမှန်ကာ ဦးသံလုံးနှင့် အမည်မသိ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“ဇီးကျွန်းဘက်က စစ်ခွေးတွေက လက်နက်ကြီးတွေ တောက်လျှောက်ပစ်ခတ်နေတယ်။ သူတို့ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်က ဇီးကျွန်းရွာကျော်ပြီး အောက်နတ်မော်ကျေးရွာမှာရှိတဲ့ ဦးသံလုံး နေအိမ်ကို လက်နက်ကြီးကျည် ၁ လုံးကျတာ ဦးသံလုံး လည်ပင်းကို လက်နက်ကြီး ကျည်စထိမှန်တယ်။ ဒဏ်ရာရထားတာ ၂ ဦး လို့သိရတယ်။ သံတွဲ ဆေးရုံကို သယ်ဖို့ လုပ်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် မေလ ၁၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ဇီးကျွန်းရွာကို ကျရောက် ပေါက်ကွဲခဲ့ပြီး နွား ၂ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကြိမ်ခါးကုန်းကျေးရွာတွင် အပကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၂ ဦးထိခိုက် ဒဏ်ရာရပြီး ၁ ဦးမှ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရှိရသည်။

မေလ ၁၂ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်၊ ကြိမ်ခါးကုန်းကျေးရွာမှ စစ်ဘေးရှောင် ပြည်သူ ၂ ဦးသည် အိမ်သန့်ရှင်းရေး ပြန်လုပ်စဉ် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ခြင်းကြောင့် အသက် ၄၃ နှစ်အရွယ် မစုစုမာ နှင့် အသက် ၄၀ အရွယ် ကိုသန်းနိုင်စိုး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစုစုမာသည် ဦးခေါင်းကို ကျည်စထိမှန်ခြင်းကြောင့် အသက် အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

“ကြိမ်ခါးကုန်းကျေးရွာတွင် အိမ်သန့်ရှင်းရေးပြန်လာလုပ်တဲ့ မစုစုမာ နဲ့ ကိုသန်းနိုင်စိုး စစ်တပ်က ရမ်းသမ်း ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်တယ်။ မစုစုမာ ဦးခေါင်းမှာ ပြင်းထန်ဒဏ်ရာရထားတယ် အသက်အန္တရာယ် အထူးစိုးရိမ်ရတယ်။ ကိုသန်းနိုင်စိုးကတော့ ကျောဘက်ကို ထိခိုက်ဒဏ်ရာ ရသွားပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ကြိမ်ခါးကုန်းရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများ ဖြစ်သော အင်ကုန်းရွာ၊ သင်နှီးကောင်းရွာများသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင် နေရခြင်းဖြစ်ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article