25 C
Yangon

မြန်မာပြည်အနာဂတ် မှန်းဆချက် ၄ ခုအနက်မှ မြန်မာစစ်တပ် လဲပြိုကျခြင်း

Must read

By အီဂေါ ဗလာဇီဗစ်

ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်၊ ကချင်၊ ကရင်နဲ့ ကရင်နီတွေမှာ ကြီးကြီးကျယ်ကျယ် ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မြန်မာစစ်တပ်ကိုကြည့်ပြီး ခုချိန်ကာလ မေလ ၂၀၂၄မှာ မြန်မာပြည်သူတွေရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုကို မျှော်ကြည့်လို့ရနိုင်စရာ အနာဂတ် မှန်းဆချက် ၄ ခုလောက်ရှိပါတယ်။

ဒီအနာဂတ် မှန်းဆချက်အရ စကစပြိုကျခဲ့မယ်ဆိုရင် အကောင်းဘက်ကို တိုင်းပြည်ပြောင်းလဲဖို့ ဖြစ်လာမှာပါ။ မဟာမိတ် လွတ်မြောက်ရေးတပ်ပေါင်းစုတွေဟာ မြန်မာနိုင်ငံ နေရာအသီးသီးကနေ တိုက်ပွဲတွေ ဖော်ဆောင်ပြီး အောင်မြင်မှုတွေ ဆက်တိုက်ရလာကြမယ်ဆိုရင် စစ်တပ်စခန်းချ ထားတဲ့နေရာတွေကို ပိုပြီးစီးမိလာမှာဖြစ်ပါတယ်။

သူတို့စခန်းတွေ၊ နယ်မြေတွေ၊ သူတို့အခြေစိုက်တဲ့ မြို့ကြီးတွေကို ရလာပြီး လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေ ပိုပြီး သိမ်းဆည်း လာနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအောင်ပွဲတွေ ရလာတာနဲ့အမျှ စစ်တပ်ဘက် တပ်ဖွဲ့ဝင်တွေဟာ တိုက်ချင်စိတ် ကုန်ခမ်းလာနိုင်ပါတယ်။ သူတို့ ထောက်ပို့လမ်းကြောင်းတွေကို ပိုပြီးသိမ်းပိုက်လာနိုင်ပြီး ကုန်သွယ်ရေး လမ်းကြောင်းတွေကိုလည်း တော်လှန်ရေးဘက်က သိမ်းနိုင်မယ်ဆိုရင် အခွန်အကောက် တွေလည်း ပိုရလာနိုင်မှာပါ။

ကုန်ထုတ်လုပ်မှုအရင်းအမြစ်တွေ ပိုရလာနိုင်ပြီး မဟာဗျူဟာကျတဲ့ ပိုင်ဆိုင်မှု တွေလည်း လက်ဝယ်ရလာနိုင်ပါတယ်။ အားကောင်းကောင်းနဲ့ ပြင်ဆင်ပြီးဆောင်ရွက်တဲ့ စစ်ဆင်ရေးတွေကို ဆက်လုပ်နိုင်ခဲ့မယ်ဆိုရင် အင်မတန်အရေးကြီးတဲ့ ပစ်မှတ်တွေကို ပစ်ချနိုင်မှာ ဖြစ်ပါတယ်။ လေယာဉ်ဆီ သိုလှောင်တဲ့နေရာလို၊ စိတ်ဓာတ်စစ်ဆင်ရေးအတွက် အရေးကြီးတဲ့ စစ်ရေး ရာထူးကြီးတွေဟာ ထိနိုင်တဲ့ ပစ်မှတ်ထဲ ပါလာမှာ ဖြစ်ပါတယ်။

စစ်တပ်ဟာ တပြည်လုံးမှာ ပျံ့ကျဲပြီး တပ်တွေ ချထားရတဲ့အနေအထားကြောင့် ဝန်ပိနေတာက ဆက်ဖြစ်နေဦးမှာပါ။ စစ်သားတွေ ပြုန်းတီးလာတာနဲ့အမျှ ထောက်ပို့ပစ္စည်းတွေ၊ လက်နက် ခဲယမ်းမီးကျောက်တွေလည်း ကုန်လာနိုင်သလို တိုက်နေရတဲ့စစ်သားတွေဟာလည်း စိတ်ဓာတ်ပျက်လာနိုင်ပါတယ်။ တစ်ဖက်ကိုပြောင်းတဲ့ စစ်သားတွေ ပိုပြီး များလာနိုင်သလို လက်နက်ချတဲ့ သူတွေလည်း ထပ်ပြီး ပေါ်ထွက်လာနိုင်ပါတယ်။ ရဲတွေဆိုရင် ဌာနတစ်ခုလုံး လက်နက်ချတာမျိုးဖြစ်လာနိုင်ပါတယ်။

လွတ်မြောက်ရေး တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့တွေက ဆက်တိုက် ဖိအားပေးနိုင်တာနဲ့အမျှ စစ်တပ် ထောက်ပို့လမ်းကြောင်းတွေ ပြတ်တောက်လာနိုင်ပြီး လက်နက် ချတာတွေ ပိုများလာနိုင်ပါတယ်။ တပ်တွင်းမညီညွတ်မှုတွေ ပိုပြီး စိပ်လာနိုင်တဲ့အပြင် အကြီးတန်း အရာရှိပိုင်းတွေကြားမှာလည်း အငြင်းအခုံတွေ ပိုဖြစ်လာနိုင်ပါတယ်။ မင်းအောင်လှိုင်ရဲ့ အရည်အချင်းမဲ့မှုကို စိတ်ပျက်လက်ပျက်ဖြစ်တာ၊ ကြောက်လန့်တာနဲ့ ဒေါသထွက်တာတွေဟာ ဆူပွက်လာနိုင်ပြီး နောက်ဆုံးပေါက်ကွဲထွက်တဲ့ဆီကို ရောက်လာနိုင်ပါတယ်။

NUG နဲ့ မဟာမိတ် လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ စစ်တပ်အလွန် မြန်မာနိုင်ငံ အကူးအပြောင်းမှာ ညီညီညွတ်ညွတ်နဲ့ တည်တည်ငြိမ်ငြိမ်ရှိရေးအတွက် နိုင်ငံရေး သဘော တူညီချက်တွေကို ယခုထက်ပိုပြီးလေးနက်စွာ၊ ရှင်းလင်းပြတ်သားစွာ တည်ဆောက်နိုင်ကြဖို့ လိုပါတယ်။ သူတို့ရလာမယ့် နိုင်ငံရေးပဋိညာဉ်အပေါ် အခြေခံပြီး အခြားနိုင်ငံရေးအစုအဖွဲ့တွေက ပါဝင်လာနိုင်ကြမှာ ဖြစ်ပါတယ်။

ဒီအခါ ပိုမိုကျယ်ပြန့်တဲ့ မဟာမိတ်ဖြစ်မှုကို တည်ဆောက်နိုင်ပြီး NUG နဲ့ K3C မဟာမိတ်တွေရဲ့ အားနဲ့ ဒီထက်ကြီးမားတဲ့ အဝန်းအဝိုင်းဖြစ်လာဖို့ ဆွဲအားဖြစ်လာနိုင်ပါတယ်။ ဒီ မဟာမိတ်ပေါင်းစုမှုကသာ စစ်အာဏာရှင်ကို တော်လှန်ရာမှာ မြန်မာနိုင်ငံရေးအနာဂတ်အတွက် အလားအလာအကောင်းဆုံးလို့ ယူဆနိုင်တဲ့ အောင်နိုင်သူဖြစ်ဖို့ များပါတယ်။

လွတ်မြောက်ရေး တပ်ဖွဲ့တွေရဲ့ စစ်ရေးနိုင်ငံရေး မဟာမိတ်ကျစ်လစ် ခိုင်မာလာပြီဆိုရင် အိမ်နီးချင်း နိုင်ငံတွေနဲ့ နိုင်ငံတကာရဲ့ အထင်အမြင်ကိုလည်း မြင့်မားလာအောင်လုပ်နိုင်ပြီဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ အိမ်နီးချင်းတွေနဲ့ အာဆီယံတို့ဟာ မြေပြင်က ပြောင်းလဲလာတဲ့ အရှိတရားတွေကို သိရှိ လက်ခံကြရမှာဖြစ်ပြီး ဒီတပ်ပေါင်းစုမဟာမိတ်တွေကို မြန်မာ့နိုင်ငံရေးအနာဂတ်နဲ့ပတ်သက်လို့ ပြောဆိုဆွေးနွေးဖို့ နေရာပေးလာကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတည်ငြိမ်ရေး၊ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးတွေကို စပြီးဆွေးနွေးလာကြမှာဖြစ်ပါတယ်။

မြို့ပြ မြေအောက်လှုပ်ရှားမှုစစ်ဆင်ရေးတွေဟာလည်း စစ်အာဏာရှင်တွေရဲ့ ရုံးခန်းတွေနဲ့ အုပ်ချုပ်သူ တွေကို အားနည်းနေအောင် မလုံခြုံတော့အောင်ဆက်ပြီး ဆောင်ရွက်နိုင်ကြမယ့် အခြေအနေမျိုးပါ။ တုန်လှုပ်နေပြီး သူတို့ထိန်းချုပ်လို့မရတော့ဘူးဆိုတာ သိနေကြတဲ့ အခြေအနေမျိုးပါ။ စကစ အုပ်ချုပ်ရေးလုပ်ငန်းအဆင့်ဆင့်ဟာ ချိနဲ့နေပြီး ဘယ်နေရာမှာ မလုံခြုံဘူးလို့ ခံစားရစေတဲ့ အခြေအနေမျိုးမို့ ထိပ်ပိုင်းကနေ ချပေးလိုက်တဲ့ အမိန့်ကိုလည်း အကောင်အထည် မဖော်ရဲတာမျိုးဖြစ်လာနိုင်ပါတယ်။

အများပြည်သူရဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ ဆက်လက် အားမလျော့ဘဲ ပြည်သူတွေဟာ လွတ်မြောက်ဖို့အတွက် နိုင်ငံရဲ့ ဖက်ဒရယ်အနာဂတ်အတွက် ဆက်လက် ပံ့ပိုးနေကြမှာ ဖြစ်ပါတယ်။ ပညာတတ် ပြည်သူတွေဟာ ဆိုရင်လည်း သူတို့ အတွေ့အကြုံတွေနဲ့ တတ်သိပညာတွေကို လွတ်မြောက် နယ်မြေတွေရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ပြန်လည်အားကောင်းလာဖို့၊ အုပ်ချုပ် စီမံနိုင်စွမ်းတွေ အသက်ဝင်လာဖို့ ဝိုင်းကူကြမယ့်အခြေအနေပါ။ နိုင်ငံတကာ အကူအညီတွေကလည်း လွတ်မြောက်သွားတဲ့ နယ်မြေတွေဘက်ကို စတင်စီးဆင်းလာပြီး အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ဒေသန္တရအုပ်ချုပ်ရေးတွေမှာ အကူအညီပေးလာကြမှာဖြစ်ပါတယ်။

ဒါတွေအားလုံးဟာ စကစ ပြိုကျဖို့ဘက်ဆီကို ဦးတည်သွားပြီး အောက်ခြေကနေစပြီး စစ်တပ် ပေါက်ကွဲပြိုကျတဲ့အဖြစ်မျိုးဆီ ဦးတည်သွားမှာပါ။ (နိုင်ငံတဝှမ်းမျာရှိနေတဲ့ တပ်တွေ တစ်တပ်ပြီး တစ်တပ် ဒိုမီနိုလို ဆက်တိုက် ပြိုကျတာမျိုးဖြစ်လာပြီး လက်နက် ချတာ၊ စကစအတွက် အသက်ပေးပြီး မတိုက်တော့တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါမှမဟုတ် မင်းအောင်လှိုင်ကို ဖယ်ရှားပြီး တပ်ကို ခုဖြစ်နေတဲ့ နိုင်ငံရေးထဲကနေ လွတ်အောင်လုပ်ပေးဖို့ ထွက်ပေါက်ဖို့ အနေနဲ့ တပ်တွင်း အာဏာသိမ်းမှု လုပ်ကြတယ် ဆိုတာမျိုးလည်းဖြစ်လာနိုင်ပါတယ်။

အောင်ပွဲတွေ ဆက်နေတဲ့တော်လှန်ရေးတပ်ပေါင်းစုတွေဟာ ဗဟိုအထိ တက်ပြီး အာဏာကိုထိန်းချုပ်ဖို့ အမြန်ဆောင်ရွက်နိုင်ကြပြီး စိတ်ဝမ်းမကွဲဘဲ အားလုံးညီညွတ်စွာပါဝင်နိုင်တဲ့ အကူးအပြောင်းကာလ အစိုးရကို ဖွဲ့စည်းနိုင်ကြမှာဖြစ်ပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြန်မာစစ်တပ် လဲပြိုကျခြင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article