25 C
Yangon

ပေါင်းတလည်မြို့တွင် စစ်ကောင်စီလက်အောက်ခံ အနက်ရောင်သေမင်းတမန်အဖွဲ့က လူငယ် တစ်ဦးကို PDF ဟုစွပ်စွဲပြီး သတ်ဖြတ် အလောင်းစွန့်ပစ်

Must read

ရန်ကုန်၊ မေ ၁၄

ပဲခူးတိုင်း၊ ပေါင်းတလည်မြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်လက်ပါးစေ အနက်ရောင်သေမင်းတမန် အဖွဲ့က လူငယ်တစ်ဦးကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ထားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၃ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ပေါင်းတလည်မြို့၊ အနောက်ပိုင်းရပ်ကွက်၊ ပြည်-ပေါက်ခေါင်း ကားလမ်းမပေါ် အမည်မသိလူငယ်တစ်ဦးကို သတ်ဖြတ်ပြီး အနက်ရောင်သေမင်းတမန် အဖွဲ့စာတန်းချိတ်ဆွဲကာ အလောင်းကို စွန့်ပစ်ထားခြင်းဖြစ်ကြောင်း၊ သေဆုံးသူ၏ နာမည်၊ နေရပ် လိပ်စာ တို့ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

“စစ်တွေက မင်းလှ PDF က ဆိုပြီး လူငယ်တစ်ဦးကို ထပ်သတ်လိုက်ပြန်ပြီ။ သေတဲ့လူက မင်းလှက ဟုတ်၊ မဟုတ် မသိရသေးဘူး။ စုံစမ်းနေတုန်းပဲ၊ PDF ဟုတ်၊ မဟုတ်လည်း မသိရသေးဘူး။ အတည် ပြုနေဆဲပါ။ သတ်ပြီးတော့ ခေါင်းမှာ အနက်ရောင်သေမင်းတမန်ဆိုတဲ့ လည်ဆွဲကတ်ဆွဲထားတယ်” ဟု ဒေသ နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မင်းလှမြို့နယ်၊ PDF အဖွဲ့မှ စန်းမင်း(ခ) ဖိုးသဲကို ကျွန်ုပ်တို့ အနက်ရောင်သေ မင်းတမန်အဖွဲ့က လက်တုန့်ပြန်သည့်အနေဖြင့် ထိရောက်စွာ တန်ပြန်အပြစ် ပေးချေမှုန်းခဲ့ပြီးဖြစ်ကြောင်း အနောက်ရောင်သေမင်းတမန်အဖွဲ့က ထုတ် ပြန်ထားသည်။

အနက်ရောင် သေမင်းတမန်အဖွဲ့က သတ်ဖြတ်လိုက်သော သေဆုံးသူ စန်းမင်း(ခ) ဖိုးသဲသည် PDF ဟုတ်၊ မဟုတ် ရန်ကုန်ခေတ်သစ်သတင်းဌာန အနေ ဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article