25 C
Yangon

ရေးမြို့နယ် စုံနံ့သာရွာအနီး အမှတ် ၈ လမ်းတွင် ရေးဘီလူးအဖွဲ့ က စစ်ဆေးရေးများ လုပ်ဆောင်ခဲ့သော်လည်း အနီးရှိ စစ်ကောင်စီတပ်များ ထွက်မလာရဲ

Must read

ရန်ကုန်၊ မေ ၁၄

မွန်ပြည်နယ် ရေးမြို့နယ်တွင် စစ်ကောင်စီတပ် ခမရ ၅၈၆ တပ်ရင်း၊ အမြောက် တပ် ၃၄၃ တပ်ရင်း၊ ခမရ ၅၈၇ တပ်ရင်းများ၏ အလယ်တွင် ရှိသည့် ရေးမြို့ နယ် စုံနံ့သာကျေးရွာအနီး အမှတ် ၈ လမ်းမကြီးပေါ်သို့ ရေးဘီလူးအဖွဲ့သားများက တက်ရောက်၍ လုံခြုံရေး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သော်လည်း အကြမ်း ဖက်စစ်သားများ မထွက်လာရဲကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၁၄ ရက်နေ့ ရေးဘီလူးအဖွဲ့သားများက စစ်ဆင်ရေးလုပ်ဆောင်ရန် ရည်ရွယ်၍ အဆိုပါ လမ်းပိုင်းသို့ တက်ရောက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်၊ ပျူစောထီးများရှိရာ ခံသင်းစစစ်ဆေးရေးဂိတ်နှင့် နီးကပ်လွန်းသည့် နေရာသို့ ရောက်ရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများ ထွက်ရှိလာခြင်းမရှိကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“သူတို့ မထွက်လာရဲပုံရတယ်ဗျ။ သူတို့နေတဲ့ ဝန်းကျင်နဲ့ ကျွန်တော်တို့နဲ့ တအားကြီး ကပ်တယ်ဗျ။ မီတာလောက်ပဲ မီတာနဲ့ တွက်လို့တောင် ရတယ် အခုရောက်သွားတဲ့ နေရာက ။ တပ်နဲ့လည်း အရမ်းနီးကပ်တဲ့ နေရာမှာ ရှိတယ်။ ခံသင်းစစ်ဆေးရေးဂိတ်နဲ့ဆိုရင်လည်း ပိုပြီးတော့ နီးတယ်။ ပတ်ပတ်လည်ဂိတ်တွေ တပ်တွေ ဝိုင်းထားတဲ့ အလယ်ခေါင်မှာကို ကျွန်တော်တို့ စစ်ဆေးရေး ဝင်ပြုလုပ်နိုင်ခဲ့တယ်။ လမ်းကို ပိုင်ပိုင်နိုင်နိုင်ကြီး ကျွန်တော်တို့ စိုးမိုးထားနိုင်ခဲ့တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောဆိုသည်။

ရေးဘီးလူးအဖွဲ့အနေဖြင့် စစ်ကားတန်းကို ပစ်ခတ်ရန် စစ်ဆင်‌ရေးလုပ်ဆောင်ရန် လာရောက်ခဲ့သော်လည်း ပစ်ခွင့်မကြုံခဲ့ကြောင်း၊ ထို့ကြောင့် လမ်းသွားသည့် ပြည်သူများကို မိတ်ဆက်ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါ၊ မပါ စစ်ဆေးခြင်းများ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article