25 C
Yangon

Breaking News – ဆောမြို့နယ်၊ ပေါက်တောရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၈ လအရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးကြောင်း ကနဦး သိရ

Must read

Breaking News – ဆောမြို့နယ်၊ ပေါက်တောရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၈ လအရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးကြောင်း ကနဦး သိရ

ရန်ကုန်၊ မေ ၁၄

မကွေးတိုင်း၊ ဆောမြို့နယ်၊ ပေါက်တောရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၈ လအရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ဆောမြို့နယ်၊ ပေါက်တောရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ၈ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီး ဆောမြို့နယ်၊ ပေါက်တောရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲသွားတာ ဒီနေ့ ညနေပိုင်း လောက်က ၈ လသား ကလေးငယ် အပါအဝင် ပြည်သူ ၇ ဦး သေဆုံးတယ်လို့ သိရတယ်။ ဒဏ်ရာပြင်းထန်တဲ့သူ ၃ ဦးလောက်ရှိတယ်လို့ ကနီဦးသိထားရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article