25 C
Yangon

ထားဝယ်မြို့အဝင် စစ်ဆေးရေး ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ သပိတ်ကျင်းမြို့နယ်ရှိ လေးမိုင် တာဝါတိုင်ကုန်း စစ်စခန်းကို တိုက်ခိုက်မှု ပျူစောထီး ၂ ဦး အရှင် ဖမ်းမိ

Must read

ထားဝယ်မြို့အဝင် စစ်ဆေးရေး ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ သပိတ်ကျင်းမြို့နယ်ရှိ လေးမိုင် တာဝါတိုင်ကုန်း စစ်စခန်းကို တိုက်ခိုက်မှု ပျူစောထီး ၂ ဦး အရှင် ဖမ်းမိ

ရန်ကုန်၊ မေ ၁၄

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင် စစ်ဆေးရေး ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဗထူးတပ်မတော် (BHA) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် ထားဝယ်မြို့နယ်၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ ထားဝယ်မြို့ အဝင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“လက်နက်တော့ သိမ်းဆည်းရမိတာ မရှိပါဘူး။ တိုက်ခိုက်မှုက စစ်ခွေး ၂ ကောင်သေတယ်” ဟု ဗထူးတပ်မတော် (BHA) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၆ ၊ တပ်ရင်း ၂၇ နှင့် ဗထူးတပ်မတော် (BHA) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ်အတွင်း အကြမ်းဖက် စစ်တပ်ကို စစ်ရေး အရှိန်မြင့်ကာ အမြစ်ပြတ် တိုက်ခိုက် ချေမှုန်း သွားမည်ဖြစ်သည့်အတွက် ပြည်သူများ အနေဖြင့် စစ်ရေး အသိ၊ သတိ ဖြင့် သွားလာနေထိုင် ကြရန်နှင့် အကြမ်းဖက် စစ်ကောင်စီ၏ လက်ကိုင်တုတ်ဖြစ်သော ပျူစောထီးများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူ့ရင်ခွင် အမြန်ဆုံး ခိုလှုံဝင်ရောက်ကြပါရန် ဗထူးတပ်မတော် (BHA) က ပြောဆိုထားသည်။

ထို့ပြင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လေးမိုင်တာဝါတိုင်စခန်းကုန်းရှိ အကြမ်းဖက် စစ်သားများကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးအရှင်ဖမ်းမိခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့ထံမှ သိရသည်။

မေလ ၇ ရက်နေ့ နံနက် ၅ နာရီခန့်မှစ၍ သပိတ်ကျင်းမြို့နယ်၊ လေးမိုင်တာဝါတိုင်ကုန်း၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို NTG Drone တပ်ဖွဲနှင့်ဂဠုန်ကြီး Drone တပ်ဖွဲ့တို့က Drone ဗုံးသီးများဖြင့် ကျဲချပြီး ရဲဘော်မှုကြီး ဦးဆောင်သော လက်နက်ကြီးအဖွဲ့က တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားများ တပ်စွဲထားရာ တာဝါတိုင်စခန်းကုန်း၏ ကင်းဘန်ကာကို သိမ်းပိုက်မိခဲ့ကြောင်း၊ ထို့နောက် အတွင်းခြံစည်းရိုးအထိ ချဉ်းကပ်၍ စခန်းသိမ်းပိုက်နိုင်ရေး အပြင်းအထန်ကြိုးစားခဲ့ရာ အသားစီးရခဲ့သော်လည်း အကြမ်းဖက် စစ်တပ်က လေကြောင်း ပစ်ကူ ၅ ကြိမ် တိတိ ဗုံးကျဲ တိုက်ခိုက်ခဲ့သဖြင့် စခန်းကုန်းကို သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း လေးမိုင်ကျေးရွာမှ ပျူစောထီး ၂ ဦးကို အရှင်ဖမ်းမိခဲ့ပြီး အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်လင်းယုန်တပ်ဖွဲ့ ၊ မင်းမခစစ်ကြာင်း ၊ NTG Drone တပ်ဖွဲ့၊ ဂဠုန်ကြီး တပ်ဖွဲ့နှင့် ကိုမှုကြီးဦးဆောင်သော လက်နက်ကြီးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article