25 C
Yangon

ဂန့်ဂေါ၊ ရွှေဘိုရွာနှင့် ရေသာရွာကို မြောက်ခင်ရန်းပျူစောထီးများက ဝင်ရောက်စီးနင်းပြီး အဘိုးအိုတစ်ဦးနှင့် ကလေးငယ် တစ်ဦးကို မီးရှို့သတ်ဖြတ်၊ ဘုန်း ကြီး ကျောင်းနှင့် နေအိမ် ၃၀၀ ကျော်မီးလောင်ပြာကျ

Must read

ရန်ကုန်၊ မေ ၁၇

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရွှေဘိုရွာနှင့် ရေသာရွာကို အကြမ်းဖက်စစ်တပ် လက်အောက်ခံ မြောက် ခင်ရန်းရွာမှ ပျူစောထီးများက ဝင်ရောက်စီးနင်းပြီး အသက် ၈၀ ကျော် အရွယ် အဘိုးဦးသာနွယ်နှင့် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၆ ရက် နံနက် ၁၀ နာရီခွဲခန့်က ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြောက်ခင်ရန်း ကျေးရွာ ရှိ ပျူစောထီးများသည် ရေသာရွာနှင့် ရွှေဘိုရွာတို့ကို စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ ဖျက်ဆီးခဲ့ သဖြင့် ရေသာရွာတွင် လူနေအိမ် ၁၄ လုံး မီးလောင်ကျွမ်းခဲ့ပြီး ရွှေဘိုရွာတွင် အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အနက် လူနေအိမ် ၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

“ရွှေဘိုရွာက အသတ်ခံလိုက်ရတဲ့ အသက် ၈၀ ကျော်အရွယ် ဦးသာနွယ်က မျက်စိလည်းသိပ်မမြင်ဘူး။ နားလည်း မကြားဘူး။ ဘယ်မှမသွားနိုင်လို့ အိမ်မှာကျန်ခဲ့တာ။ သူကို ပါးစပ်ကို အဝတ်နဲ့စို့ပြီး ဝှေးစေ့ကို ထုတ်ယူသွားပြီးမှ ခေါင်းကိုရစရာမရှိအောင် သေနတ်နဲ့ ရက်ရက်စက်စက်ရစရာမရှိအောင် ပစ်သတ် သွားတာဗျ။ ပြီးတော့ အိမ်ထဲမှာရှိတဲ့ နွားတစ်ကောင်လည်း ပစ်သတ်သွားတယ်။ ရွာထဲမှာလည်း မီး လောင် ကျွမ်းထားတဲ့ ၉နှစ်အရွယ် ကလေးငယ် တစ်ယောက်ရဲ့ အလောင်းတစ်လောင်းတွေ့ ထား တယ်လို့ သိရတယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ သေချာအတည်မပြုနိုင်သေးဘူး။” ဟု ယောအ လင်း တန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးများက ရွှေဘိုကျေးရွာ ဘုန်းကြီးကျောင်းဝင်း အတွင်းမှ ကျောင်းဆောင်တစ်ဆောင်ကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး ကျောင်းရှိ သံဃာ ၇ ပါးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယင်းသံဃာ ၇ ပါးကို ယနေ့‌မေလ ၁၇ ရက်နံနက် ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးခံရသည့် ရေသာရွာနှင့်ရွှေဘိုကျေးရွာသည် မြောက်ခင်ရမ်းပျူစောထီးရွာနှင့် အနီးဆုံး ကျေးရွာများဖြစ်ပြီး ရွှေဘိုကျေးရွာသည် ပျူစောထီးများ၏ ဝင်ရောက်မီးရှို့ဖျက်ဆီးမှု ၃ ကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – မေလ ၁၆ ရက်နေ့ ရွှေဘိုရွာ မီးရှို့ခံရသဖြင့် မီးလောင်ကျွမ်းနေသော ပုံများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article