25 C
Yangon

မြေပြန့်ဒေသ မဟာဗျူဟာ ထိုးစစ် စတင်တော့ မည်ဖြစ်ပြီး အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲတော့မည်ဟု NUG ကာကွယ်ရေး ဝန်ကြီး အသိပေးပြောဆို

Must read

ရန်ကုန်၊ မေ ၁၇

မြေပြန့်ဒေသ မဟာဗျူဟာ ထိုးစစ်စတင်တော့ မည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ၊ လွတ်လပ်မှု၊ တရားမျှတမှု၊တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ရေး အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲတော့မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တရားဝင် အသိပေးပြောဆိုထားသည်။

မေလ ၁၄ ကျင်းပပြုလုပ်ခဲ့သည့် အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးကျင်းပသည့် NCO အကြပ်သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲသို့ ပေးပို့သော သဝဏ်လွှာတွင် ကာကွယ်ရေးဝန် ကြီး ဦးရည်မွန်က အထက်ပါအတိုင်း ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

“ယခုအခါ မြန်မာနိုင်ငံမြောက်ပိုင်းကနေ တောင်ပိုင်းအထိ ကျယ်ပြန့်တဲ့ နယ်မြေ တလျောက်မှာ လှုပ် ရှား တိုက် ခိုက်နိုင်နေပြီ ဖြစ်တယ်။ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးနဲ့စစ်ရေး အခြေအနေတွေအရ မကြာခင် ကာလ မှာ ထု အင် အား တည်ဆောက်ပြီး မြေပြန့် ဒေသ မဟာဗျူဟာ ထိုးစစ် စတင်တော့မှာ ဖြစ် တယ်။ ဒီ စစ်ရေး လိုအပ်ချက် တွေကို ကြိုတင် ပြင်ဆင်ဖို့ အတွက် ယခုလို သင်တန်းမျိုးတွေကို နေ ရာ အနှံ့မှာ စီစဉ် ဖွင့်လှစ်နေခြင်း ဖြစ်တယ်။” ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ထို့ပြင် ပြည်သူလူထုလိုလားသော ဖက်ဒရယ် ဒီမိုကရေစီ၊ လွတ်လပ်မှု၊ တရားမျှတမှု၊ တည်ငြိမ်အေးချမ်းမှု တို့ကို ဖော်ဆောင်နိုင်ရန်လည်း အဆုံးသတ်တိုက်ပွဲ ဆင်နွှဲတော့မည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောဆိုသည်။

“မကြာခင်ကာလမှာ ပြည်သူ အားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့လွတ်လပ်မှု၊ တရားမျှတမှု နဲ့တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ဖို့ အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲတော့မှာ ဖြစ်တယ်။ ရဲဘော် တို့အားလုံး ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ကြိုးစားအားထုတ်ကြဖို့ အသိပေးလိုတယ်။” ဟု NUGကာကွယ်ရေးဝန်ကြီးက ပြောဆိုသည်။

တော်လှန်ရေးနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် လက်နက်မရှိ၊ စစ်ပညာ မသိ၊ စစ်ရေး အတွေ့အကြုံမရှိသည့် အခြေနေမှ ပြည်သူလူထုတစ်ရပ်လုံး၏ ပံ့ပိုးကူညီမှု၊ တပ်မှူး၊ တပ်သားများ ၏ စွန့်လွှတ်တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံအနှံ လှုပ်ရှားတိုက်ခိုက်နိုင်ပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ယခုသင်တန်း တက်ရောက်တဲ့ ရဲဘော်တို့ဟာ စစ်မြေပြင် အတွေ့အကြုံ အသီးသီး ရှိနေသူများ ဖြစ်တဲ့အတွက် ဒီ သင်တန်းကနေ လက်တွေ့အသုံးချ သင်ခန်းစာများကို ပို့ချနိုင်မယ်လို့ ယုံကြည် တယ်။ ရဲဘော်တို့အနေနဲ့ နှစ်ဆင့်မြင့် တာဝန်ဝတ္တရားများကို ထမ်းဆောင်နိုင်ဖို့ အမြဲအစဉ်သင့် ပြင် ဆင်လေ့လာ သင်ယူနေကြဖို့ လိုတယ် ဆိုတာလည်း အသိပေးလိုတယ်။” ဟု ဦးရည်မွန်က ရှင်းပြသည်။

စစ်အမိန့်နှင့် စစ်စည်းကမ်းများကို ရဲဘော်များက လိုက်နာကြရမည်ဖြစ်ပြီး ပြည်သူလူထုနှင့် တွေ့ဆုံရာတွင်လည်း ချမှတ်ထားသည့် စည်းမျဉ်းများအတိုင်း လိုက်နာကာ လေးလေးစားစား ဆက်ဆံကြရန် လိုအပ်ကြောင်း၊ ယခုတော်လှန်ရေးတစ်ခုလုံးသည် ပြည်သူ့တော်လှန်ရေးဖြစ်သည် ကို အစဉ်သတိရှိဖို့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးက မှာကြားသည်။

ဓာတ်ပုံ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ရှေ့တန်းရောက် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article