25 C
Yangon

ရွှေဘိုမြို့ပေါ်ရှိ မြို့မ ရဲစခန်းနှင့် မြို့နယ် တရားရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၈ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၁၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ မြို့မ ရဲစခန်းနှင့် မြို့နယ် တရားရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၈ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၈ မိနစ်ခန့်တွင် ရွှေဘိုမြို့၊ မြို့မရဲစခန်းနှင့် မြို့နယ် တရားရုံးကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၅ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရှိရာနေရာကို ဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့ပြီး ရွှေဘို ဆေးရုံကြီးမှ လူနာ တင်ကား ၉ စီးဖြင့် ထိခိုက်သေဆုံးသူများကို တင်ဆောင်သွားကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း စစ်ဗိုလ် ၁ ဦး ၊ ဒုရဲအုပ် တင်ထွန်းလင်းအောင်၊ ရဲတပ်သား ချမ်းဝင်း၊ ဇော်ထိုက် (ခ) ဂျက်ကော့ အပါအဝင် စုစုပေါင်း ၈ ဦး သေဆုံးပြီး ၈ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး တိုက်ခိုက်ရေး ဒရုန်း ၁ စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ သတင်းရထားတာက စစ်ခွေး၊ ရဲခွေး စုစုပေါင်း ၈ ကောင်သေထားပြီး နာမည်အတိကျနဲ့ရော သိထားရတယ်သူတွေပါပါတယ်။ နောက်ထပ်လည်း ဒဏ်ရာပြင်းထန်တဲ့ထဲက သေဆုံးနိုင်ခြေ ရှိတဲ့ သူတွေ ရှိသေးတယ်လို့ သိရပါတယ်” ဟု ဗိုလ်ကျားရိုင်း – ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေဘို၊ Project Flight ( Fight for Democracy )ဒရုန်းတပ်ဖွဲ့ ၊‌ Drop For Justice – DFJ ၊ Flying Dragon Force ၊ တာနောယက္ခ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ FFF.NK Drone ၊ ရွှေဘိုအားမာန် မြို့ပြပျောက်ကျား၊ သိင်္ခအားမာန်၊ တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်သူများကို နည်းမျိုးစုံဖြင့် ဒုက္ခအမျိုးမျိုးပေးနေသော စစ်သား၊ ရဲနှင့် ပျူစောထီးများ နှင့် စစ်တပ် ထောက်တိုင်များကို ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ဗိုလ်ကျားရိုင်း – ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article