25 C
Yangon

ဂန့်ဂေါခရိုင်၊ အမှတ် ၁၃ တပ်ရင်း နယ်မြေအတွင်း ပြည်သူများ လူစုလူဝေး မပြုလုပ်ရန်နှင့် ညအချိန် ခရီးသွားလာခြင်း မပြုလုပ်ရန် ဒေသန္တရ အမိန့်ထုတ်ပြန်

Must read

ရန်ကုန်၊ မေ ၁၇

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ အမှတ် ၁၃ တပ်ရင်း နယ်မြေအတွင်း ပြည်သူများ လူစုလူဝေး မပြုလုပ်ရန်နှင့် ညအချိန် ခရီးသွားလာခြင်း မပြုလုပ်ရန် အမှတ် ၁ စစ်ဒေသ ဂန့်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်းက ဒေသန္တရ အမိန့်ထုတ်ပြန်ထားသည်။

အဆိုပါ ဒေသန္တရ အမိန့်ကို မေလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခြင်းဖြစ်ပြီး ဂန့်ဂေါခရိုင် အမှတ်အမှတ် ၁၃ တပ်ရင်းနယ်မြေအတွင်း နယ်မြေမတည်ငြိမ်မှု ၊ နယ်မြေလုံခြုံရေး လိုအပ်ချက်များရှိနေပြီး ယင်းအခြေအနေများကို နယ်မြေလုံခြုံမှု ၊ နယ်မြေတည်ငြိမ်မှု ရှိစေရေးအတွက် သက်ဆိုင်ရာ ခရိုင်ကွပ်ကဲရေး ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြင့် ညှိနှိုင်းဆွေးနွေး၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါခရိုင်အမှတ် ၁၃ တပ်ရင်း နယ်မြေအတွင်းရှိ စစ်ဆေးဂိတ်များတွင် လိုအပ်သော စစ်ဆေးမှုများကို မည်သူမဆို ကောင်းမွန်စွာ စစ်ဆေးမှုခံယူရန် ၊ ည ၈ နာရီ မှ နံနက် ၅ နာရီအတွင်း ခရီးသွား ပြည်သူများ အနေဖြင့် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန်၊ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမဆို ကျေးရွာများအတွင်းတွင် တပ်စခန်းချ နေထိုင်ခြင်း မပြုလုပ်ရန်၊ မည်သည့် လူပုဂ္ဂိုလ် မဆို ကျေးရွာများအတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ခွင့်ပြုချက်မရှိဘဲ တည်းခို နေထိုင်ခြင်း၊ တည်းခိုနေထိုင်ခွင့် မပြုလုပ်ရန်၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ခွင့်ပြုချက်မရှိဘဲ စုဝေးပွဲများ မပြုလုပ်ရန် စသည့် အချက်များ ပါဝင်ကြောင်း သိရှိရသည်။

ထို ဒေသန္တရ အမိန့်ကို ရုတ်သိမ်းလိုက်သော အမိန့်စာ ထုတ်ပြန်ခြင်း မရှိသေး၍ အမိန့်တည်မြဲစေရမည်ဖြစ်ကြောင်း၊ အထက်ပါ အမိန့် ထုတ်ပြန်ချက်များ အပေါ် လိုက်နာ ဆောင်ရွက်ပေးကြပါရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ထိခိုက်နစ်နာမှု မလိုလားအပ်သော ပြဿနာရပ်များ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ကာယကံရှင်မှ အပြည့်အဝ တာဝန်ယူရမည် ဖြစ်ပြီး ဂန့်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်းအနေဖြင့်လည်း လိုအပ်သော အရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article