25 C
Yangon

မင်းလှမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် ထွေ/အုပ်ရုံးတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

မင်းလှမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် ထွေ/အုပ်ရုံးတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ မေ ၁၈

ပဲခူးတိုင်း၊ မင်းလှမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် ထွေ/အုပ်ရုံးတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၈ ရက်နေ့ နံနက် ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် မင်းလှမြို့ ထွေအုပ်ရုံးနှင့် မြို့မ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ပျက်ဆီးမှုတွေရှိတယ်။ ရဲစခန်းက ရုံးမကြီး ခေါင်းမိုးပျက်ဆီးသွားတယ်။ အထဲက ပျက်ဆီးမှုတော့ သတင်းဖုံးထားတယ်။ စုံစမ်းမရဘူးဖြစ်နေတာ ထွေအုပ်ရုံး တိုက်ခိုက်ခံရပြီးတော့ စစ်ခွေးတွေက သေနတ်တွေ အပေါ်ထောင်ဖောက်တယ်။ အဲ့စစ်ခွေးတွေငြိမ်မှ ရဲစခန်းကို ဗုံးကျဲတာ ရဲစခန်းပေါ်ကျဲတော့ ရဲတွေလည်း ဒရုန်းကို သေနတ်နဲ့ ရမ်းသမ်းပစ်ကြတယ်။ အဲ့မှာ ကင်းထောက်ဒရုန်း ၁ စီး Error တက်ပြီး ပျက်ဆီးသွားပါတယ်။ ရဲစခန်းမကြီးပေါ်ကို ကျသွားတာက ၂ ဆင့်ပေါက်ကွဲသွားတာပါ။ သုံးထားတဲ့ဗုံးသီးတွေက မိုင်းအပြင်းစားသုံးထားတာမို့ စခတွေထိခိုက်သေဆုံးရှိမှာသေချာတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၏ ဒရုန်းတပ်ဖွဲ့ဖြစ်သည့် Yoma Phoenix Drone Force မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း စစ်ကောင်စီ တပ်စခန်းများနှင့် စစ်ရေးပစ်မှတ် နေရာများကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် စစ်ကောင်စီ တပ်သားများရှိရာနေရာကို သွားလာနေထိုင်ခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article