26 C
Yangon

နောင်ချိုမြို့နယ်ရှိ သုံးဆယ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၇ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

နောင်ချိုမြို့နယ်ရှိ သုံးဆယ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၇ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ မေ ၁၈

ရှမ်းပြည်နယ်၊ TNLA တပ်မဟာ ၂ စစ်ဒေသ၊ နောင်ချိုမြို့နယ်ရှိ သုံးဆယ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက် ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၇ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

မေလ ၁၅ ရက်နေ့ ည ၉ နာရီခန့်တွင် ရွှေညောင်ပင်ကျေးရွာ၌ စခန်းချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက သုံးဆယ်ရွာကို လက်နက်ကြီးဖြင့် ၆ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ရာ ကျေးရွာနေ ပြည်သူ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ် ၂ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးအနက် ဒဏ်ရာပြင်းထန်သည့် ၃ ဦးကို ပြင်ဦးလွင်ဆေးရုံသို့ လည်းကောင်း၊ ကျန် ၄ ဦးကို မိုင်းလုံပြည်သူ့ဆေးရုံသို့ လည်းကောင်း ပို့ဆောင်ကာ ဆေးဝါးကုသမှု ခံယူ‌‌နေကြောင်း၊ အကြမ်းဖက် စစ်တပ်သည် တအာင်းပြည်နယ် အတွင်း စစ်ရေး ပစ်မှတ်မဟုတ်သည့် အရပ်သား ပြည်သူ လူထုများရှိရာ နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိကြောင်း PSLF/TNLAသတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုထားသည်။

ထို့ပြင် သုံးဆယ် ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နှင့် မေလ ၁၀ ရက်တို့တွင်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာနေ ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ နေအိမ်များ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article