25 C
Yangon

တွန်းဇံမြို့ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းများအားလုံးကို ချင်းပြည်အစိုးရ တပ်များက သိမ်းပိုက်လိုက်ပြီး နယ်မြေရှင်းလင်းနေ၊ စစ်တပ်နှင့်လက် အောက်ခံ ZRA တို့က ထွက်ပြေးပုန်းအောင်းရင်း ပြန်ပစ်ခတ်နေ

Must read

ရန်ကုန်၊ မေ ၂၀

ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းများအားလုံးကို ချင်းပြည်တော်လှန်ရေးအစိုးရ တပ်များက သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းနေကြောင်း CNF/CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၁၉ ရက်နေ့ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ချင်းပြည်အစိုးရတပ်များဖြစ်ကြသည့် CNA ၊ CDFs ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် တွန်းဇံမြို့ကိုလည်း ချင်းပြည်နယ်တော်လှန်ရေးအစိုးတပ်များက ဝင်ရောက်ခဲ့ကြကြောင်း၊ တွန်းဇံမြို့ ရဲစခန်းနှင့် တပ်စခန်းများအားလုံးကို သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရှိရသည်။

“တွန်းဇံမြို့ထဲမှာ ရှိတဲ့ ခလရ – ၂၆၉ တပ်ကုန်း နဲ့ ရဲစခန်း ကို သိမ်းပိုက်ထားပြီးပါပြီ။ အခု နယ်မြေရှင်းလင်းရေး လုပ်နေကြတယ် ။ ZRA နဲ့ စစ်ကောင်စီက ပြောက်ကျားစနစ်နဲ့ ပစ်ခတ်နေသေးတယ်။ Covid Center နဲ့ နတလ မှာ စစ်ခွေးတွေနဲ့ ZRA တချို့ နေရာယူထားတယ်လို့ ပြောတယ်။ အဲဒါကြောင့် နယ်မြေရှင်းလင်းရေး လုပ်နေတုန်းပဲ။ Sold out မဖြစ်သေးဘူး။ လိုက်ရှင်းနေတုန်း။ စခန်းတွေတော့ အကုန်သိမ်းထားပြီးပြီ” ဟု CNF/CNA သတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၁၅ ရက်နေ့မှ စတင်ခဲ့သော လက်ရှိ တွန်းဇံမြို့သိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြားပြီး အရှင်ဖမ်းဆီးရရှိသူများလည်းရှိကြောင်း၊ စစ်တပ်က လေကြောင်းဖြင့် လာရောက်ဗုံးကျဲမှုများရှိကြောင်း၊ ပြည်သူများလည်း တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ – ချင်းပြည်အစိုးရတပ်မတော်မှ ရဲမေများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ချင်းပြည်အစိုးရတပ်မတော်မှ ရဲမေများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article