26 C
Yangon

၀ိုင်းမော်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ ကလေး ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး ပွဲချင်းပြီး သေဆုံး၊ ဒဏ်ရာရရှိသူ ၁၁ ဦးအနက်မှ လည်း ထပ်မံသေဆုံးသူများရှိ

Must read

ရန်ကုန်၊ မေ ၂၁

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၂၀ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင် မြစ်ကြီးနားမြို့၊ မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ၀ိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာ ကွက်သစ်ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၂ ဦး အပါအဝင် အရပ်သား ပြည်သူ ၆ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၁၁ ဦးရှိပြီး ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးမှုများလည်းရှိကြောင်း သိရှိရသည်။

“ခတ်ချိုကျေးရွာ၊ ကွက်သစ်ရပ်ကွက်ထဲကို လက်နက်ကြီးတွေကျတာ။ ပစ်တာက မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နားက ကြက်ပေါင်ခြံရပ် ကွက်၊ ဂေါက်ကလပ်နဲ့ ကပ်လျက် ကြံ့ဖွတ်ရုံးထဲကနေ ပစ်တယ်လို့လည်း ပြော တယ်။ သေတာတွေက ပွဲချင်းပြီး သေတာအပြင် ဆေးရုံမှာလည်း ထပ်သေတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက မြစ်ကြီးနားမြို့နယ်အတွင်းရှိ တပ်များနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ခံစစ်ပြင်ဆင်နေပြီး မြစ်ကြီးနားမြို့ကို ပိတ်ဆို့ထားမည်ဆိုသော သတင်းများ ထွက်ပေါ်နေသဖြင့် မြို့မှ ပြည်သူများ စိုးရိမ်ထိတ် လန့်နေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article