25 C
Yangon

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ၏ အဖွဲ့ဝင်၊ ကုလသမဂ္ဂလူ့အခွင့် အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စရန်ဟီးလီနှင့် NUG ဝန်ကြီးများ တွေ့ ဆုံ

Must read

ရန်ကုန်၊ မေ ၂၁

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ၏ အဖွဲ့ဝင်လည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စရန်ဟီးလီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးများ တွေ့ဆုံကြကြောင်း သိရှိရသည်။

တောင်ကိုရီးယားတွင် ရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဦးတင်ထွန်းနိုင်တို့သည် မေလ ၂၀ ရက်နေ့ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်တွင် မစ္စရန်ဟီးလီနှင့်အတူ နေ့လယ်စာ သုံးဆောင် နှုတ်ဆက်ကြကြောင်း သိရှိရသည်။

တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများ၊ နွေဦးတော်လှန်ရေး အခြေအနေများကို ပွင့်လင်းရင်းနှီးစွာ အမြင်ခြင်း ဖလှယ်ကြကြောင်း၊ မစ္စရန်ဟီးလီသည် ယခုအခါ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ၏ အဖွဲ့ဝင်တဦးအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article